တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၁၆

13 2 0
                                    

၁၆။

အဲဒီ...
ဒိုင်ယာရီကို ဖွင့်ကြည့်ဖြစ်ခဲ့ရဲ့လား
နင့်အတွက် ကဗျာတွေလည်း ငါရေးထားခဲ့ပေါ့တိမ်ဖြု
ညက ကဗျာမှာတော့...

"ညတဲ့....သိလား
ကြယ်နက္ခတ်တွေကြား နင့်ရှိနိုးနိုးနဲ့ ငါခုန်ဆင်းသွားလိုက်တယ်..
မပီပြင်တဲ့ ဝိုးတဝါးအရိပ်ထဲမှာ
ငါ တစ်ညလုံး ကြွေအံမူးမူးပဲ
ဘယ်သူမှ ရှိမနေကြဘူး..
ငါ့တစ်ယောက်တည်း တံခါးပိတ်ပြီး
ကြယ်စုဝေးထဲ တိမ်တွေပဲ ရှာနေမိတယ်"

ဖြစ်မလာဘူး...
ဖြစ်မလာဘူး...
ဖြစ်မလာဘူး...
ဒီဒိုင်ယာရီကို နင့်ဖတ်ဖို့ဆိုတာ..
ဖြစ်မလာဘူး...။

တကယ့်ကို
ကယောင်ကတမ်းပါ တိမ်ဖြူရယ်..
ငါ့ရင်ဘတ်မှာ...
အလွမ်းတွေ ခိုနားနေဆဲပဲပေါ့....။

Aug11.18

SNOW HNINNWhere stories live. Discover now