တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၉

24 2 6
                                    

၉။

ဟုတ်တယ်...ငါကစွန်ကြိုးပြတ်နေတဲ့ကောင်
နင်နှင်ရာလွှင့်မယ်တိမ်လိုပဲ
နင်ကြိုးဆွဲရာတိုင်းလိုက်ကနေမယ့်ကောင်
နင်မလိုလားတော့လို့
ဖြတ်ပစ်လိုက်တဲ့စွန်ကြိုးတစ်စနဲ့ကောင်
ပျော်တယ်မလား
ငါဝေးဝေးလွှင့်သွားလေ
နင်ပိုပျော်ရလေပေါ့
ငါဟာနင်နားမထောင်လိုတဲ့
စောင်းကြိုးပြတ်ဂီတတေးသံ
(တကယ်တော့အဖြတ်ခံစောင်းကြိုးပါ)
မလိုလားတော့ဘူးလား?
မလိုအပ်တော့ဘူးလား?
ဒီလိုမေးခွန်းတွေရဲ့အဖြေကိုသိသိနဲ့
နင့်ကိုမေးချင်နေခဲ့တာ
မမေးတော့ပါဘူး
စတေးခံနှလုံးသားတွေမှာ
အရှုံးအမြတ်မတွက်ကြပါဘူး
ပျော်ပါစေ...နေသာသလိုနေပါစေ...ဆိုတဲ့
စိတ်ရဲ့အရိပ်အောက်မှာပဲ
ငါ့နှလုံးသားကိုမြှုပ်နှံခဲ့ပါပြီ
ပြန်လှည့်မကြည့်တတ်တဲ့စွန်ကြိုးပြတ်ပါလားလို့တော့
မခနဲ့လိုက်ပါနဲ့ဦး
ပြန်ခွင့်မရတော့တဲ့အနေအထားကပဲ
နင့်ကိုချည်နှောင်ထားတဲ့အနှောင်အဖွဲ့ယဲ့ယဲ့တွေကို
နင်ရဲရဲလွတ်ရဲမှာလေ
ငါမရှိတဲ့ကမ္ဘာမှာ...နင်ငြိမ်းချမ်းပါစေ
ကျေးဇုးပြုပြီး ...သံယောဇဉ်လက်ကျန်နဲ့
ငါ့ကိုသတိမရပါနဲ့
နင့်လွတ်မြောက်ခြင်းရပ်ဝန်းတွေမှာ
သာသာယာယာရှိနေပါစေ...။

(၃၁ ဇူလိုင် ၂၀၁၈)

SNOW HNINNWhere stories live. Discover now