ကကြိုး(၁)
သူစိမ်းတွေက
ပိုချစ်စရာကောင်းနေတဲ့
တစ်ခါတစ်လေမှာ
ညတွေထဲကနေ ငါ့ကို ဖိတ်ချလိုက်
ငါဟာ ဘယ်နံရံပေါ်မှာမှ
ရှိမနေသင့်တဲ့ကောင်
အရက်ခွက်ထဲက ရေခဲတုံးလိုပဲ
အချိန်တန်တော့ ငါပျော်စင်းသွား
ရော့ မင်းသောက်ဖို့ တစ်ခုဟာ
ရှတတနဲ့ ဖိန်းတယ် အချစ်။
Sep30.2017
Minsetwai