၂၆။ငါ ဆုတောင်းကောင်းပေမယ့်
ကံဆိုးခြင်းတွေကို
ဘယ်လောက်များများ
ထပ်ရဦးမလဲဆိုတာ
ငါမသိပါဘူး တိမ်ဖြူ....
ဝေဒနာရင်းမြစ်ထဲ
အတ္တဆဲလ်တွေလည်း သေဆဲ
နံရံပေါ်မှာ လျှောတ်ပြေးတဲ့
ပိုးဟပ်တစ်ကောင်လိုလည်း
ဦးတည်ရာမဲ့ခြင်းတွေနဲ့..
ဂီတာတစ်လတ်နဲ့
ခေါ်င်းငိုက်စိုက်နေဆဲ...
ခြင်တွေအောင်းနေတဲ့
အခန်းကျဉ်းငယ်လည်း
မီးတဝုန်းဝုန်းတောက်လောင်လို့
ကောင်းဆဲ
ဒီလို ဝေဒနာတွေ
ပွတ်သီးပွတ်သပ် နမ်းရှိုက်နေတာကို
နင့်ကလည်း ပြုံပြီးကြည့်ရက်နေဆဲပါပဲ။ငါကတော့ မကြည့်ရက်ပါဘူး တိမ်ဖြူ
နင်ဓာတ်ပုံဘောင်ကို
ကျွမ်းလောင်တဲ့ မီးတစ်စကို
ငါ့အပြေးအလွှား ငြိမ်းတယ်
ရင်ဘတ်ထဲမှာ ပွေ့တယ်
ပူလောင်ခြင်းတွေက ကျောမှာ ရိုက်တယ်
အနည်းဆုံးတော့ နင်က ငါ့ရင်ဘတ်ထဲမှာ
ရှိနေတယ်ဆိုတဲ့အသိနဲ့
မီးခိုးတွေကြား ဘယ်သူမှမသိတောင်
လှောင်ပြုံးပြုံးလိုက်တယ်
အသက်ရှု ကျပ်တာတော့ကျပ်တာပေါ့လေ
တွယ်တာခြင်းတွေကို မီးရှို့ပေးလိုက်တော့
ဘာတစ်ခုမှ ကျန်မနေစေရဘူးလေ
နောက်ဆုံး...
ငါ့ကိုယ်တိုင်
ပါဝင်တောက်လောင်ပြနိုင်ချိန်ထိ
သတိရခြင်းတွေကို..
ပြာချွေချပစ်လိုက်တော့တယ်...
သင်္ဂြိုလ်ခြင်းဟာ
အေးစက်စက်အတိနဲ့ပါ တိမ်ဖြူရယ်..။
Sep18.18