"ဆယ်ဟွန်းရာ
မင်းအဖြစ်ကလည်း သနားစရာပါလား
ဒီမှာ ညိုမဲသွားတာပဲ ။"ဆယ်ဟွန်းခါးပေါ်က ဒဏ်ရာကို
ဆေးထည့်ပေးနေရင်း
ဂျုံအင် ငြီးတွား ရှာပါသည်။"ဆိုဖာပေါ်က ပြုတ်ကျပြီး
စားပွဲစောင်းနဲ့ဆောင့်မိတာဆိုတော့လည်း
ကျွတ်....ကျွတ်......ရပြီလား။"ဆေးပုလင်းပြန်ပိတ်ရင်း
ဂျုံအင် က ခုံပေါ် သွားပြန်ထိုင်တော့
ဆယ်ဟွန်းသည်လည်း
ကုတင်ပေါ်မှောက်လဲနေရာက
အသာပြန်ထထိုင်လိုက်သည်။"ပြောစမ်းပါအုံး.....
ဒီတစ်ခါလည်း လုဟန် လက်ချက်ပဲလား။"စရောက်လာတည်းက ဘာတစ်ခွန်းမှမမေးဘဲ
ခိုင်းသည့်အတိုင်း ဆေးလိမ်းပေးလိုက်ရပေမယ့်
ဆယ်ဟွန်းကို ဒီလိုလုပ်ရဲတာဟာ လုဟန်အပြင်
ဘယ်သူ့မှ မရှိနိုင်ကြောင်း ဂျုံအင် သိပြီးသားဖြစ်သည်။"လုဟန်လက်ချက်မဟုတ်ဘူး။
လုဟန် ခြေချက်လေ ......ဟားဟားဟား ။"ထရယ်ပြီးမှ ခါးဒဏ်ရာက နာလာတာမို့
မျက်နှာပြန်ရှုံ့ကျသွားသော ဆယ်ဟွန်းကို ကြည့်ပြီး
ဂျုံအင် သနားသွားသည်။ဒီကောင် ရူးနေတာများလား။
"ဂျုံ အင်......မင်းသိလား ။
သူက စိတ်ဆိုးရင် ပိုချစ်ဖို့ ကောင်းတာ။""ဒါကြောင့် ......မင်းက သူ့မြင်တိုင်း စတယ်ပေါ့။"
ဆယ်ဟွန်းက ပခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်ပြလာသည်။
"အဲ့ဒါကြောင့် မင်းမှာ နှာခေါင်းသွေးလျှံလာလိုက်၊
နှာဘူး လို့ သတ်မှတ်ခံရလိုက်၊ အခု ခါးပါဒဏ်ရာရလာပြီ။"ဂျုံအင်ကသာ စိတ်ပျက်စွာ ပြောနေပေမယ့်
်ဆယ်ဟွန်းကတောာ အရူးလို ပြုံးစိစိ ဖြစ်နေပါသည်။"သူ့တင်ပါးလေးကလေ အိစိစိ လေးတွေ။"
မျက်ဝန်းတွေမှေးအောင် ရယ်နေရင်းက
ဆယ်ဟွန်း ခပ်တိုးတိုးပြောပါသည်။