"မျက်နှာပိုးလေး ဘာလေးသတ်အုံး။"
လေဆိပ်မှာလာကြိုတဲ့ မိမိကိုမှ အားမနာ
မေးသမျှလဲ ဖြေချင်သလို မဖြေချင်သလိုနဲ့
သူ့ဘာသာ တစ်ကိုယ်တည်း စပ်ဖြီးဖြီးလုပ်နေတဲ့
ဆယ်ဟွန်းကို ဂျုံအင် အမြင်ကက်လှပြီဖြစ်သည်။အခုလည်းကြည့်။
ကားပေါ်မှာ ကိုယ်တစ်ယောက်တည်း ပါလာတယ်
ထင်ရအောင်ကို ဘေးက သတ္တဝါက ငြိမ်နေကာ
သူ့အတွေးနဲ့သူ ပြုံးစိစိလုပ်နေသည်။မနေနိုင်တဲ့အဆုံး
ပခုံးကို တစ်ချက်ပုတ်ပေးလိုက်တော့မှပဲ"ဟဲဟဲ
ငါပျော်နေလို့ပါကွာ။"ဂျုံအင် ခေါင်းခါလိုက်မိသည်။
မရတော့ဘူး အိုဆယ်ဟွန်း ရူးသွားပြီ။"ဟန်က ငါ့ကို ချစ်တယ်ပြောတာကွ။"
အားပါးတရလေသံကြီးကို ဂျုံအင်စိတ်ပျက်စွာ
စုပ်သပ်လိုက်မိသည်။"ရည်းစားတွေပဲဖြစ်လို့
နမ်းတဲ့အဆင့်တောင် ရောက်နေပြီမလား။
ဒီစကားက ဘာထူးဆန်းလို့လဲ။"မီးပွိုင့်မှာ ကားရပ်ရင်းပြောလိုက်တော့
ဆယ်ဟွန်းမျက်နှာဟာ
မကျေမနပ် မှုန်တေတေဖြစ်သွားရသည်။"မင်းမသိပါဘူး ဂျုံအင်ရာ။
ငါ့ဟန်လေးရဲ့စိတ်က တအား ထူးဆန်းတာကွ။"စဉ်းစဉ်းစားစားပြောလာတဲ့ ဆယ်ဟွန်းကို
ဂျုံအင် လှောင်ချင်သွားသည်။"အေးလေ...... ထူးဆန်းလို့လဲ
မင်းလို ကျပ်မပြည့်ကောင်ကို ကြိုက်တာပေါ့။"ဆယ်ဟွန်းဆီက ပျစ်ပျစ်နှစ်နှစ်ဆဲသံက
အလျှံအပယ်ထွက်လာသည်။ပြီးမှပဲ တွေးတွေးဆဆဟန်ဖြင့်
"ငါ့အပေါ် ဆိုးမယ်ထင်ပေမယ့်
တကယ်ကျ တအားလိမ်မာရှာတယ်။
သိတတ်နားလည်မှုလည်းရှိပြီးတော့
ငါ့ကိုတောင်
ပြန်ထိန်းကွပ်နိုင်မယ့် သဘောမှာရှိတယ်။
အဲ့ဒါလေးကို ငါကပိုချစ်ရတာ။"ကြည်နူးသံအပြည့်နဲ့ ပြောလာတဲ့ စကားသံအဆုံးမှာ
ဂျုံအင် အကုန်သဘောပေါက်သွားသည်။
သွားပြီ။မရတော့ဘူး။
အိုဆယ်ဟွန်းရဲ့ရောဂါက ကုမရအောင် ဖြစ်နေပြီ။
သူ့ထက် ၈နှစ်လောက်ငယ်တဲ့ ကလေးဆီမှာ
ပြန်ထိန်းကွပ်ခံချင်နေတယ်ဆိုတော့
သူငယ်များပြန်နေတာလား။
ဒီလိုဆိုရင်တော့
အရမ်းသနားစရာကောင်းသွားမည် ထင်သည်။