30

7.1K 849 92
                                    

"မင်း ဖျားနေတာမဟုတ်လား...
ဒါဆို ....မလာနဲ့လေ။"

လည်​ချောင်းတွေ ခြောက်​သွေ့နေကာ
ချောင်းပင်​ဆိုးချင်​နေသည်​မလို့
ချက်ချင်းပြန်​အော်​ပြောမနေတော့ဘဲ
ကုတ်​အင်္ကျီကိုသာ ဗီရိုထဲက ဆွဲထုတ်​လိုက်​ရသည်​။

"ရတယ်​ ငါလာလို့ အဆင်​ပြေတယ်​။
အလုပ်​ပျက်​ပြီး အိမ်​မှာ တစ်​ယောက်​တည်းတော့
မနေနိုင်​ဘူး။"

ဖုန်းတင်​ထားခဲ့သည့်​ မှန်​တင်​ခုံရှေ့ပြန်​သွားကာ
ဂျုံအင့်​ကို အကြောင်းပြန်​ရသည်​။

တကယ်​ဆို သူလမ်းလျှောက်​ရတာပင်
အဆင်​မပြေချင်​။
ကိုယ်​ပူကျသွားပေမယ့်​လည်း
အလုပ်​ပင်​ပန်းထားခဲ့သည့်​ ဒဏ်​တွေကို
ဖျားနေချိန်ကျမှ စုပုံခံစားရသလိုမျိုး
လူက အားမရှိဘဲ နုံးခွေချင်​နေသည်​။

သ်ို့သည့်​တိုင်​ အိပ်​ယာထဲ လှဲနေဖို့တော့ မတွေးမိ။
အိမ်​ထဲမှာ တစ်​ယောက်​တည်း
လှိမ့်​ပိတ်​ ခွေခေါက်​နေရမှာကို သူအမုန်းဆုံး။
ဟိုတွေးဒီတွေးနဲ့ အဆင်​မပြေဖြစ်​လိမ့်​မည်​ ။

ဒီလိုနေမယ့်​အစား အလုပ်​လေးလုပ်​ရင်း
ဟိုပြေးဒီလွှား လုပ်​လိုက်​ရင်ဖြင့်​ ချွေးစို့ပြီး
ပိုသက်​သာသွားမည်​ထင်​သည်​။

လက်​ဆွဲအိတ်​ကိုယူကာ အလုပ်​သွားဖို့
အိမ်​ရှေ့ခန်းသို့ ထွက်​လာစဉ်​မှာပဲ
အိမ်​မကြီးရဲ့ တံခါးက ပွင့်​ဟလာပြီး

"ကိုကို"

အသံချိုလေး၊အပြုံးနုလေး ၊
စိုးရိမ်​ဟန်​မျက်​ဝန်းလေးတွေက
သူ့ကို နေရာမှာတင်​ လဲကျ ကြွေဆင်းစေတော့မလို။

"ဒါ ဘယ်​သွားမလို့လဲ။"

အနားသို့ လှစ်​ကနဲရောက်​လာသော
ကိုယ်​သင်းရနံ့ ချိုချိုမွှေးလေး။

"ကိုယ့်​ဆီ လာတာလား ဟင်​။"

ပျော်​နေတာကို မဖုံးနိုင်​မဖိနိုင်​ ခပ်​သွက်​သွက်​လေး
မေးမိတော့ ဟန်​က မျက်​စောင်းလေးရွယ်​လာပြီးမှ

"မနေ့ညက ဖုန်းမဆက်​လို့ လာဆူတာ။"

လက်​ထဲက အထုပ်တွေကို စားပွဲပေါ်ချကာ
သူ့နဖူးထက်​သို့ လက်​ဖဝါးသေးကွေးလေးက
အသာအယာထိတွေ့လာခဲ့ပြီး

ပီကေ    ပီကေ   [completed]Où les histoires vivent. Découvrez maintenant