"အကို.."
အခန်းတံခါးဝက အရိပ်လေးက
ခေါင်းအုံးပိုက်လျက်သား။"ကျွန်တော့်အခန်းက မီးလုံး ကျွမ်းသွားလို့။"
အချိန်က ည ၁၁နာရီ။
ရုတ်တရက် မီးမှိတ်သွားတော့ အမှောင်ကြောက်တဲ့
လုဟန်က သူ့အခန်းဘက်ကူးလာတယ်ထင်ပါရဲ့။ကုတင်အလယ်မှာ မှီထိုင်နေရာကနေ
တစ်ဖက်ကို တိုးဖယ်ပေးရသည်။လုဟန် ဒီည ဒီမှာ အိပ်တော့မှာမလို့။
"အလုပ်တွေ ကျန်သေးတာလား။"
သူ့ဘေးမှာ ဝင်မှီထိုင်ကာ အနားတိုးလာကာ
မေးလာပါသေး၏။"အင်း....ခဏနေပြီးတော့မှာ။
မင်းရော ဘာလို့ မအိပ်သေးလဲ..
ဖုန်းဆော့နေပြန်တာလား။"လုဟန် ဘာမှပြန်မဖြေဘဲ အသံတိတ်သွားသည်။
သူအရမ်းချစ်ရတဲ့ ညီလေး စိတ်ချမ်းသာဖို့ပဲ
ဦးစားပေးတော့မည်ဟု
ဆုံးဖြတ်လိုက်သည့် နောက်တော့
တာဝန်တွေကို ခွဲဝေပစ်ဖို့ ကြိုးစားရသည်။လုဟန်က သူလုပ်ချင်တာလုပ်။
မကောင်းတာမဖြစ်ဖို့၊အကောင်းဆုံးတွေနဲ့ပဲကြုံရဖို့
ဘေးက ထိန်းကွပ်ပေးရမှာကတော့
သူ့အလုပ်ဖြစ်သည်။ဖေဖေက ပြောသည်။
ညီလေးကိုချစ်ရင် သူဘာလုပ်လုပ် ဘေးကနေ
စောင့်ရှောက်ပြီး ဂရုစိုက်ရမယ်တဲ့။သူအပြန်ပြန်အလှန်လှန်တွေးခဲ့ပါသည်။
သူစကားမပြောလို့ မျက်နှာငယ်လေးနဲ့
မှိုင်နေရှာသည့် ညီ့ကို မြင်ရင် သူနာကျင်သည်။တစ်ခြားသူနဲ့ပျော်နေတာကို မြင်ရတာထက်
သူ့ကြောင့် ဒီကောင်လေး ဝမ်းနည်းနေတာကို
မြင်ရတာက သူ့အား အဆများစွာ နာကျင်စေသည်။လုဟန်ရဲ့ မျက်ရည်တွေကို မြင်ပြီးချိန်မှာတော့
ခက်ခခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ရပါသည်။လုဟန် ဘယ်သူ့ကိုချစ်ပါစေ။
သူကတော့ လုဟန်ကို အမြဲချစ်မည်။