36 {Final_2}

10.8K 780 75
                                    

"ဒယ်​ဒီ ကတောင်​ ဒီတစ်​ပတ်​ ပိတ်​ရက်​ကျ
Golf ရိုက်​ဖို့ ချိန်းချင်​သေးတယ်​ပြောနေတယ်​။"

"အေးကွ
ဒီလိုဆိုတော့လဲ ကောင်းသားပဲ။"

ဆယ်​ဟွန်းနဲ့ လုဟန်​တို့ နှစ်​ဦးသားဟာ
လက်​မထပ်​ရသေးပေမယ့်
အိမ်​နှစ်​အိမ်​ကတော့ မိသားစုလိုရင်းနှီးနေပြီ
ဖြစ်​ပါသည်​။

ကြားထဲမှာ ကြိုးစားခဲ့ရတာတွေတော့
ရှိတာပေါ့။

ဒီလိုပဲ သူတို့ ၂ယောက်​ရဲ့ ချစ်​သူသက်​တမ်းကလည်း
ကာလ တဖြည်းဖြည်း ကြာမြင့်​လာပြီ ဖြစ်​ပါတယ်​။

ချစ်​သူသက်​တမ်းပိုကြာလာတော့
ဘာဖြစ်​သလဲဆိုတော့ တကျက်​ကျက်​ရန်​ဖြစ်​တာပါပဲ။

ရန်​ဖြစ်​တယ်​ဆိုတာကလည်း ကြီးကျယ်​လှတဲ့
ပြဿနာကြောင့်​မဟုတ်​ပါဘူး။

အသက်​အရွယ်​ကွာခြားတဲ့ လူ၂ယောက်​ကြားက
သာမန်​ ပဋိပက္ခသာသာပါပဲ။

"ပြန်​ရောက်​ပါပြီ....အဲ။"

အိမ်​ထဲကို ရောက်​လာတာနဲ့
အော်​ဟစ်​နှုတ်​ဆက်​လိုက်​တဲ့ လုဟန်​က
သူ့ကိုကိုကိုလည်း မြင်​ရော
ဖျက်​ကနဲ တစ်​စုံတစ်​ခုကို သတိရသွားပြီး
ဇက်​လေးပုလျက်​ ဖြည်းဖြည်းလေး လှမ်းဝင်​လာပါတယ်​။

"ဘယ်​တုန်းကရောက်​တာလဲ....ဟင်​။"

ဆယ်​ဟွန်းနားကို ဖြည်းဖြည်းလေးလာထိုင်​ပြီး
အင်္ကျီစကို လာဆွဲနေတဲ့ လုဟန်​ပုံစံလေးက
ချစ်​စရာလေးဖြစ်​နေပါတယ်​။

ဒါပေမယ့်​ ဆယ်​ဟွန်းကတော့ အဲ့အကောင်​ပေါက်​ကို
ကိုင်​ပေါက်​ချင်​စိတ်​ပဲ ရှိနေပါတယ်​။

"ဘယ်​ကပြန်​လာတာလဲ သားငယ်​။
ည၈ နာရီတောင်​ရှိပြီ။"

လုဟန်​က ကျောပိုးအိတ်​လေးကို ချွတ်​ကာ
သူ့အဖေဘက်​ကို အသာလေးလှည့်​ကြည့်​လာပါတယ်

"ဟို....ကျောင်းက အမျိုးသမီးဘောလုံးအသင်းက
ပြိုင်​ပွဲရှိတာနဲ့ ....အဲ့ဒါ။"

လုဟန်​ မဝံ့မရဲလေး ပြောလာလေသည်​။

ဘောလုံးပွဲဆိုရင်​ ငမ်းငမ်းတက်​လုနီးပါး
ဝါသနာပါလှတဲ့ လုဟန်​က
ဆယ်​ဟွန်းနဲ့ ချိန်းထားတာကိုတောင်​မေ့ပြီး
ဘောလုံးပွဲသွားကြည့်​နေတာဖြစ်​နိုင်ပါသည်​။

ပီကေ    ပီကေ   [completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ