ထမင်းဆိုင်မှာ လုဟန်ကို
နေ့လည်စာ ဝယ်ကျွေးပြီးနောက်
သူတို့အခု ရေခဲမုန့်ဆိုင်ကိုရောက်နေတယ်။"ရော့..."
စတော်ဘယ်ရီသီးလေးတွေတင်ထားတဲ့
ရေခဲမုန့်ခွက်ကြီးက လုဟန်ရှေ့ရောက်လာတယ်။"Wow
ဒါဝယ်မစားဖြစ်တာကြာပြီ"လုဟန်က ရေခဲမှုန့်ကို ဇွန်းနဲ့အားရပါးရကော်ပြီး
ပါးစပ်ထဲ ထိုးသွပ်လိုက်တော့
ချန်းက ပြုံးပြီးကြည့်နေတယ်။ငယ်ငယ်ကတော့ သူခွံ့ကျွေးနေကျပေါ့။
ငိုထားတာမလို့ ဖောင်းအစ်ရဲနေတဲ့
မျက်ခွံလေးတွေနဲ့ လုဟန်က သူ့ကိုပြုံးပြလာတယ်။"အကိုး....စားလေ။"
သူလည်း ဇွန်းကို ကောက်ကိုင်လိုက်မိတယ်။
လုဟန်က ရေခဲမုန့်ကို ဇွန်းနဲ့ ကော်စားရင်းနဲ့
ရုတ်တရက်ပဲ လှုပ်ရှားမှုတွေ နှေးကွေးလာတယ်။ပြီးတော့ ချန်းကို မျက်နှာငယ်လေးနဲ့
မော့ကြည့်လာတယ်။"အကို...ခုနကလေ။"
ချန်းက သူ့ညီလေးကို ပြုံးပြလိုက်တယ်။
"အင်း ...ဘာမှ မဖြစ်ဘူး။
နောက်ဆို အဲ့လို ဆုံးဖြတ်ချက် အမြန်မချသင့်တာ
သိပြီမဟုတ်လား"လုဟန်က ခေါင်းလေးသွက်သွက်ညိတ်ပြတယ်။
"မင်း ငါတို့ဆီက ထွက်သွားတော့မယ်ဆိုရင်တောင်
ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ထွက်သွားစေချင်တာ။
ဒီလို ဖိအားတစ်ခုကြောင့် မဖြစ်စေချင်ဘူး။
ပြီးတော့ တစ်ဖက်ကလဲ မင်းကို ကြည်ကြည်ဖြူဖြူ
လက်မခံတာမျိုး မရှိစေချင်ဘူး။
အကို မင်းကို မသိမ်ငယ်စေချင်ဘူး။"ချန်းက ခပ်တိုးတိုးပြောရင်းနဲ့ကို
အသံတွေ လုံးဝတိမ်ဝင်သွားတယ်။
လုဟန်ကတော့ ခေါင်းကြီး ငုံ့ပြီး ရှိုက်ငိုပါရော။တကယ်ကိုပဲ ချန်းက ဒီညီလေးကို
အားလုံးထက်ပျော်ရွှင်စေချင်တာပါ။
ဒီကောင်လေးအပေါ် ဘယ်တစ်ဦးတစ်ယောက်ရဲ့
အလိုမကျမှုတွေ၊မချစ်ခင်မှုတွေ မရှိစေချင်ဘူး။