သုံးယောက်သားဆုံနေတာမြင်လိုက်ရတော့
ဆယ်ဟွန်းရင်ထဲ ပူဆင်းသွားရသည်။နောက်ဘက်က မြင်နေရသည့် ဟန်က
ခေါင်းလေးငုံ့ထားသလိုပဲ။မတော်လို့များ မာမီက ဟန့်ကို
နိုင်ထက်စီးနင်းစကားတွေ ပြောနေမှဖြင့်။သယ်လာတဲ့ Suitcaseကို နေရာတွင်ပစ်ထားခဲ့၍
ဧည့်ခန်းက ခုံတွေဆီ
အလောတကြီးပြေးသွားရသည်။ထို့နောက် ဟန့်ဘေးနားသို့။
"ဟန် "
ခေါင်းငုံ့နေရာက မော့ကြည့်လာသည့် ဟန်။
"ဘာလုပ်နေတာလဲ ဒီမှာ။"
သူ့ကို အံ့သြတကြီး ကြည့်နေသည့် မာမီတို့ကို
ဖြတ်ကနဲ ကြည့်ကာ
ဟန့်ကို ခပ်ကြိတ်ကြိတ်မေးတော့
ဟန်က ဇတ်ကို ဘယ်ပြန်ညာပြန်ချိုး၍"ကိုကို ပြန်လာပြီလား။"
မာမီတို့ အရိပ်အခြေကို လှည့်ကြည့်ကာ
သူ့ကို ခပ်တိုးတိုးမေးလာခဲ့သည်။"ဘာလုပ်နေတာလဲလို့။"
လက်ဖျားလေးက ဆွဲယူ အနားတိုးကာ
ခပ်တိုးတိုးငုံ့မေးတော့ ဟန်က
သူ့လက်ထဲက ဖုန်းပြားလေးကို ထောင်ပြလေသည်"Game ဆော့နေတာ။"
မထုံတထေးမျက်နှာပေးလေးနဲ့
ဂိမ်းခဏရပ်ထားဟန်ရှိသော ဖုန်းမျက်နှာပြင်ကို
သူ့အနားကပ်ကာ ထပ်ပြလာတော့
သူ့မှာ သက်ပြင်းကြိတ်ချရသည်။"ဘယ်တုန်းက ...."
"သား မာမီတို့ကို နှုတ်ဆက်သင့်ပြီ
မထင်ဘူးလား။"ဟန့်ကို မေးမယ့်မေးခွန်းတို့ မဆုံးလိုက်ခင်မှာပဲ
သူ့ကို စကားလှမ်းပြောလာသည့် မာမီကို
ပြန်လှည့်ကြည့်ရသည်။"မာမီ ဘယ်လိုရောက်လာတာလဲ။"
ဟန့်ဘေးက နေရာလွတ်မှာ ဝင်ထိုင်လိုက်တော့
မာမီနဲ့သူက မျက်နှာချင်းဆိုင်ဖြစ်သွားသည်။"သားမွေးနေ့မလို့လေ
မာမီ မလာသင့်လို့လား။"မာမီရဲ့ မျက်ဝန်းတို့က
သူ့ဘေးနားက ဟန့်ဆီ ဝေ့ကနဲ။