"ငြိမ်ငြိမ်နေပါလား ခင်ဗျားရယ်။"
နေမကောင်းဖြစ်ထားတဲ့ အရှိန်ကြောင့်
အသံတိုးဖျော့ဖျော့လေးနဲ့သာ ပြောနိုင်ပေမယ့်
လုဟန်ခမျာ ဆယ်ဟွန်းကို အခန်းထဲက
ဆွဲထုတ်ချင်နေပြီဖြစ်ပါသည်။ဘယ့်နှယ်....
ဖြစ်တဲ့သူက အစာအိမ်ယောင်နေရုံလေးကို
သူက နှစ်ရှည်လများ ရောဂါသည်ကြီးလို
လာဆက်ဆံနေတယ်။လွန်ခဲ့တဲ့နာရီများကဆိုနဖူးကိုလာစမ်းလိုက်။
ပက်လက်လေး၊မျက်လုံးတွေ မှေးထားတဲ့
လုဟန်နားက ခုံမှာထိုင်ပြီး
ဖုန်းတကြိတ်ကြိတ်ဆက်နေတာကိုလည်း
ကြားရသေးသည်။ဒီက ဆရာဝန်တွေက မျက်နှာလွှဲ ခဲပစ်နဲ့
သေချာ မစစ်ဆေးပေးလို့ဆိုလား။
သေချာလည်း လုဟန့်ကို
ဂရုမစိုက်ပေးပါဘူးတဲ့။
ဒါကြောင့်
သူနဲ့ရင်းနှီးတဲ့ ဆရာဝန်ကို ဖုန်းဆက်ပြီး
ချိတ်ဆက်နေလို့
လုဟန်မှာ ဗိုက်မအောင့်တော့ဘူး။
နေသာပြီဆိုတာကို မနည်းပြောယူရသည်။မဟုတ်ရင် လုဟန်ခမျာ
ဆေးရုံမှာ ၃ပတ်လောက် နေရမယ့်ကိန်းပါပဲ။သူပြောတာကသာ ဒီက ဆရာဝန်တွေက
ပြီးစလွယ်ပါတဲ့။
တကယ့်မှာတော့ ဂရုစိုက်ခံရလွန်းလို့
လုဟန် စိတ်ရှုပ်နေရတာပါလေ။အစာအိမ်ယောင်တာလား။
နှစ်ရှည်လများ
ရောဂါသည်ကြီးလားတောင်
ကိုယ့်ကိုကိုယ် မသိတော့ပါဘူး။အဆိုးဆုံးကတော့လေ
ဆေးတွေ ဘာတွေထိုးတာကို
အလိုက်တသိ မရှောင်ပေးတာပါပဲ။သူများ ရှက်နေတဲ့ ဟာကိုလည်း
ဆေးထိုးအပ် ကြောက်တာလား၊ဘာလားနဲ့
လက်ဖျားကို လာဆုပ်ကိုင်ပြီး
တတွတ်တွတ်။မပြောကောင်းမဆိုကောင်း။
သူလုပ်နေတာကြီးက ကလေးညှစ်ထုတ်နေတဲ့
မိန်းမကို ဘေးကအားပေးနေတဲ့
ယောက်ျားကြီးကျနေတာပဲ။
အိုဗာ အိုက်တင် သမားကို
ကန်ထုတ်ချင်လိုက်တာ ဆိုတာလေ။သူများဖင်လှန်ဆေးထိုးတဲ့ ကိစ္စကို
သူက ဘာလို့ မရှောင်ပေးတာလဲ???
သူနဲ့ဘာမှမဆိုင်ပေမယ့် လုဟန်ရှက်ပါသည်။