"ကျွန်တော် ပြန်လိုက်ပါအုံးမယ် ။"
နောက်ဆုံးအထုပ်ကို ချထားလိုက်ကာ
သူနှုတ်ဆက်တော့ ခုနတည်းက ထိုအထုပ်တွေကို
အိမ်ရှေ့မှနေ မီးဖိုခန်းထဲ သယ်သွင်းနေသော
လုဟန်ရဲ့ ဖေဖေက"မောင်ရင့်ကို အားနာစရာတော့ ဖြစ်ကုန်ပါပြီ။
ဒီအတိုင်းမပြန်ပါနဲ့အုံး။
ကော်ဖီသောက်ရင်း
မိုးတိတ်အောင်စောင့်လိုက်ပါလား။
အပြင်မှာလည်း မိုးက ပိုသည်းလာဖို့ပဲရှိတော့။"ဆယ်ဟွန်းက ဘာမှပြန်မပြောဘဲ
အားတုံ့အားနာဖြစ်နေရပါသည်။ဟန့်မျက်နှာလေးကို ကြည့်ချင်တာမို့
သူလည်း မပြန်ချင်သေးပေမယ့်လည်း
တစ်ခါကူညီမိတာကို အခွင့်အရေးယူမိရင်
အထင်သေးခံရမှာလည်း ကြောက်လှပါသည်။"ရပါတယ်ဗျာ....ကျွန်တော် ဒီတိုင်းပဲ။"
အပြင်ပြန်ထွက်ဖို့သာ ဟန်ပြရပေမယ့်
သူ့မျက်လုံးတွေက အိမ်ထဲကိုသာ တဝဲလည်လည်။အထုပ်၁ထုပ်သယ်ဝင်သွားပြီး
ပြန်ကိုထွက်မလာတော့တဲ့ ဟန်လေးက
ဘယ်မှာပါလိမ့်။"မန်နေဂျင်း မပြန်ပါနဲ့အုံး။
မိုးလည်း စိုရွှဲနေတဲ့ဟာကို ..."ရေစိုဝတ်တွေကို လဲဝတ်လာပုံရသော
လုဟန်မေမေက သူ့ကို ထပ်ခေါ်ပြန်သည်။အင်း......
မျက်ခုံးစွန်းကို လက်နဲ့ခြစ်ရင်း သူကြံရာမရ။"ရှင်ဘာလုပ်နေတာတုန်း။
ဧည့်သည်ကို အိမ်ထဲခေါ်လေ။
ကျွန်မ စားစရာပြင်အုံးမယ်။"ပြောပြီးတာနဲ့ သူမက ထမင်းစားခန်းထဲသို့လှစ်ကနဲ
ဒီအိမ်ကလူတွေက သွက်လက်ကြသည်ထင်ပါရဲ့။
"လာလေ မောင်ရင်။"
အိမ်ထဲဝင်ရပေမယ့် ရေစိုနေတဲ့
သူ့ခြေထောက်တွေကြောင့် အိမ်ထဲမှာ
ရေစိုသွားမှာလည်း အားနာသည်။ခုံမှာတောင် မတင်မကျ နဲ့ ထိုင်လိုက်ရသည်။
သူ့အင်္ကျီကရေစိုထားတာမို့
ရဲရဲတင်းတင်းလည်း မှီမထိုင်ရဲ။
