လုဟန်ဆီက ကိုကိုလို့ ခေါ်တာ
ကြားလိုက်ရပြီးနောက် ဆယ်ဟွန်းမှာ
လမ်းလျှောက်ရင်တောင် ခြေနဲ့မြေနဲ့မထိချင်တော့။ကားမောင်းရင်လည်း ကားကြီးဟာပျံတက်ပြီး
လေယာဉ်လို ပျံသန်းနေပြီဟုပင် ထင်ရသည်။ကိုကို တဲ့။
ကိုကို ပါတဲ့ ခင်ဗျာ။လုဟန် က သူ့ကို
ဘယ်လောက်တောင်ချစ်မိသွားလို့ပါလိမ့်။အိုဆယ်ဟွန်းဆိုတဲ့ သူက
ဆွဲဆောင်မှု ရှိလွန်းတာသိပေမယ့်
ဟန့်လို မာနခဲ စွာတေးလန်လေး
ပြန်ချစ်လာအောင် ဒီလောက်မြန်မြန်
လှုပ်ရှားနိုင်မယ်လို့ မထင်ထားဘူး။"မန် .....မန်နေဂျင်း။"
လက်မှတ်ထိုးရမယ့် စာအုပ်ကို
ဖတ်နေပုံလည်း မရပါဘဲ တစ်ရွက်စီလှန်ရင်း
ပြုံးစိစိလုပ်နေတဲ့ မန်နေဂျင်းကို
အတွင်းရေးမှူးလီခမျာ စောင့်နေရတာကြာပြီ။ပုံနေတဲ့ အလုပ်တွေကို ညှာတာကာ
မဝံ့မရဲ အသံထွက်ခေါ်လိုက်တော့မှပဲ
ပီတိဖြာနေသလို မျက်နှာထားနဲ့ မန်နေဂျင်းက
ပြုံးနေရာကတည်၍ နှုတ်ခမ်းတွေက
မျဉ်းဖြောင့်လို တည်သွားခဲ့သည်။"အဟမ်း....အဟမ်း....ဒါတွေလား။"
အတွင်းရေးမှူးခမျာ
ကျေးဇူးကို ကြံဖန်တင်ရသေးသည်။
သူတို့မန်နေဂျင်းတစ်ယောက်
စိတ်နဲ့ လူနဲ့ ပြန်ကပ်သွားပြီလေ။တကယ်ကိုပါပဲ။
__________________________
"ဟေ့ကောင်
ဆိုစမ်းပါအုံး.... ချိန်းရတဲ့ အကြောင်းလေး။"ဂျုံအင်က သူ့ဘေးခုံမှာ ဝင်ထိုင်ကာ မေးလာတော့
သူက လက်ထဲက လက်စဖြစ်နေသည့် ဝိုင်ကို
ကုန်အောင် မော့ချပစ်လိုက်သည်။"အဟမ်း.....
မင်းငါ့ကို ဂုဏ်ပြုလို့ရအောင်
အလိုက်တသိ လှမ်းခေါ်ပေးတာ။"ဂျုံအင်က ခွက်ထဲကို ဝိုင်ငှဲ့ထည့်ရင်း
ဘာမှမအံ့သြသလို ခပ်ပြုံးပြုံး။