"ဟို....သားပဲ ဆေးလိုက်ပါ့မယ်။"
ညစာစားပြီး ဆေးဖို့ ထပ်နေသော
ထမင်းပန်ကန်လုံးနဲ့ ဟင်းပန်းကန်များကို
ဆတ်ကနဲ လာဆွဲယူလိုက်သည့် လုဟန်။ထမင်းစားဝိုင်းရဲ့ တိတ်ဆိတ်မှုက
အခုမှ လွင့်ပြယ်သွားသည်။အားလုံးက ကိုယ်စီအတွေးများကြောင့်
ငြိမ်သက်နေခဲ့သည့် ထမင်းဝိုင်းက ဇွန်းသံမှလွဲ
ဘာမှ မကြားခဲ့ရ။လုဟန်မှာတော့ မနေတတ်စွာဖြင့်ရော၊
ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲသဖြင့်ရော၊
ခပ်တိတ်တိတ်နေခဲ့ရသည်သာ။ပန်းကန်တွေ ဆေးဖို့ မေမေ သိမ်းနေမှပဲ
သူအရဲစွန့်ပြီး လှမ်းယူရသည်။အရင်လို ပြန်နေခွင့်ရဖို့အတွက်
သူကြိုးစားရမည်လေ။ဖေဖေကတော့ ထုံးစံအတိုင်း
သူ့ကိုပြုံးကြည့်ကာ အပြင်ထွက်သွားသည်။
မေမေကတော့ သူ့ကို အခုထိ
နည်းနည်းမှ မကြည့်သေး။"ဖယ် လုဟန်။"
သူ့ဆီကလက်အိတ်ကို လာဝင်ဆွဲယူကာ
အမြန် ဝတ်လိုက်သော အကိုချန်း။"အာ....ကျွန်တော် ဆေးပါ့မယ်။"
ပြန်မလုရဲပေမယ့် ဘေးနားမှာ ရစ်သီကာ
သူစောဒက တက်နေမိသည်။"မင်းက ပန်းကန်ကို ရေပြောင်အောင်သုတ်။"
ပုဝါဖြူ ကိုသာ သူကောက်ကိုင်မိလေသည်။
အကိုချန်း ကမ်းပေးသော
ပန်းကန်လုံးလေးကို ရေသုတ်နေရင်း
သူ အတိတ်ကို သတိရသွားသည်။အဲ့ဒီတုန်းက။
"အကို မှတ်မိသေးလား။"
ဘာမှ ပြန်မပြောပေမယ့် သေချာပေါက်
နားစွင့်နေမှန်းသတိပြုမိတာ့
လုဟန် ဆက်ပြောဖြစ်သည်။"ကျွန်တော်ငယ်ငယ်က ပန်းကန်လုံးကို
ခွဲမိသေးတယ် မဟုတ်လား။
အဲ့တုန်းက မေမေ မသိအောင်
အကိုက အစားပြန်ဝယ်ပေးတာလေ။"