"ဟန့်အချစ်တွေပဲ စားချင်တယ်"
ဆယ်ဟွန်းရဲ့ ချွဲပစ်ပစ်လေသံကြောင့်
လုဟန် ဟာကနဲ ရေရွတ်ကာ ပါးနှစ်ဖက်လည်း
နီရဲစွေးသွားသည်။ဂျုံအင်ကတော့ ခေါင်းတခါခါပြုလျက် အခန်းထဲက
ထွက်သွားလေပြီ။"ရှက်လို့ သေတော့မယ်။
သူများရှေ့မှာ ဘာလို့ ဒီလိုတွေ လာပြောတာလဲ။"ဆယ်ဟွန်းရင်ဘတ်ကို ဖက်ကနဲ ရိုက်လိုက်သည့်
လုဟန်က မျက်နှာကို အောက်ငုံ့ထားသေးသည်။ဆယ်ဟွန်းသဘောတကျဖြင့်
လုဟန်မေးဖျားလေးကို
လက်ဖြင့် အသာ မ ယူလိုက်ပြီး"ဘာရှက်စရာလဲ။
ကိုယ့်ကောင်လေးကို ကိုယ့်ဘာသာ ချွဲတဲ့ဟာ။"လုဟန် မျက်စောင်းလေးဝင့်သည်။
"ကိုကိုကလေ အသက်ပဲကြီးလာတာ။
အရှက်က ကြီးမလာဘူး။"နံဘေးကိုတိုးထိုင်နေသည့် လုဟန်ရဲ့ လက်ဖဝါးကို
ဆယ်ဟွန်းက ဆုပ်ကိုင်ထားရင်း
ညစ်ပြုံးပြုံးလာတော့မှ သူစကားမှားသွားမှန်း
လုဟန် သိတော့သည်။"ဟုတ်လား
ကိုယ်အရှက်မကြီးတာ ဟန်က ဘယ်လိုသိတုန်း။
ကိုယ်အိပ်နေတုန်းများ။""ကိုကို့!!!!!"
လုဟန် စူးကနဲအော်ပြီး ဆယ်ဟွန်းပါးစပ်ကို
လက်ဖဝါးဖြင့် အသည်းအသန်ပိတ်သည်။ဒါကိုတောင် ဆယ်ဟွန်းက လုဟန်လက်ကို
ဆွဲထားကာ လက်ဖဝါးဖြူ နုကို
နှုတ်ခမ်းနဲ့ အမိအရ နမ်းပါသေးသည်။လုဟန်လေ အဲ့လူကြီးရဲ့ ရင်ဘတ်ကို
ကိုက်ပစ်ချင်လိုက်တာ အရမ်းပဲ။မျက်စောင်းထိုးရင်း အရှက်ပိုနေသည့်
လုဟန်ကို ဆယ်ဟွန်းက စိုက်ကြည့်လာသည်။အကြည့်ချင်းဆုံပြီး မျက်ဝန်းချင်း စကားဆိုပြီးမှ
ဆယ်ဟွန်းက လုဟန် ခေါင်းလေးကို ဆွဲယူကာ
ရင်ခွင်နဲ့ ကပ်ထားလိုက်လေသည်။