"ကျွန်တော်က လုဟန် ရဲ့ ချစ်သူပါ။"
အသိပေးသလို နှုတ်ဆက်လိုက်သည့်အခါ
လုဟန်တစ်ယောက် လှေကားကနေ
တဒုန်းဒုန်းပြေးဆင်းလာပါတော့သည်။"ဘာလာလုပ်တာလဲ။"
ခပ်ကျိတ်ကျိတ်ပြောလိုက်ပြီးသည်နှင့်
လုဟန်လက်လေးက
အိုဆယ်ဟွန်းရဲ့လက်မောင်းကို
ဆွဲလိမ်လိုက်ပြီးသားဖြစ်သည်။ကုတ်အင်္ကျီသားထူထူကို ဖြတ်ပြီးတောင်
လက်မောင်းကို ထိထိမိမိ ဆွဲနိုင်သည်ဆိုတော့
လုဟန်ရဲ့ လက်ဆိပ်ကို ခန့်မှန်းကြည့်ကြပါတော့။ဆယ်ဟွန်းခမျာ လက်ထဲက အထုပ်ကို
ဘေးခဏချလိုက်ရပြီး
လုဟန်ရဲ့လက်လေးကို
ဟန်မပျက် ဖယ်ထုတ်နေရသည်။"ဘာလာလုပ်တာလဲ....ဆို။"
လက်ကဖယ်မပေးသေးဘဲ လိမ်ထားလက်စနဲ့
ခပ်ကျိတ်ကျိတ်မေးကာ မျက်လုံးကလည်း
မီးဝင်းဝင်း ပိုပြီးတောက်လျက်ရှိသည်။လုဟန်ဖေဖေက ကြောင်အမ်းအမ်းဖြင့်
ရပ်ကြည့်နေတာမို့ မျက်နှာရိပ်မျက်နှာကဲ ပြပြီး
ဆယ်ဟွန်းက ဖယ်ပေးဖို့ ပြောနေပေမယ့်မရ။ခြေထောက်ကလည်း
ဘယ်တော့ ဆောင့်နင်းချလာမလဲ မသိတာမို့
ဆယ်ဟွန်းမှာ တွေးပူနေရသေးသည်။ယောက္ခမအိမ်လာလည်တာ
ယောက္ခမကို မကြောက်ရဘဲ
ရည်းစားကိုပြန်ကြောက်နေရတဲ့ ဆယ်ဟွန်းအဖြစ်။"လုဟန် ...သားငယ်။"
ဖခင်က အမည်ခေါ်ပြီး ဟန့်လာတော့မှပဲ
လုဟန်ခမျာ သူ့အဖေကို သတိရသွားပြီး
တုန်ကနဲ ဖြစ်သွားလေသည်။"မောင်ရင်..လာထိုင်လေ။"
ဆယ်ဟွန်းလည်း နာသွားတဲ့ လက်ကို ပွတ်ပြီးမှ
အထုပ်ကို ပြန်ဆွဲနိုင်သည်။"ဒီမှာပါဗျ...ဟိုလေ..လက်ဆောင်ပေးချင်ပေမယ့်
ဘာဝယ်ရမလဲ မသိတာနဲ့ပဲ..အဲ့ဒါ..."စားပွဲပေါ် တင်ပေးလာသည့် အထုပ်များကို
ကြည့်ပြီး Mr.Kim ပြုံးစိစိဖြစ်သွားရသည်။