"လုဟန် ......သား......။"
မိခင်ဖြစ်သူက ပခုံးကို ဆွဲကိုင်ကာ မျက်နှာလေးကို
ကြည့်သည်။သက်သာပြီ ဖြစ်ကြောင်း
လုဟန် အေးဆေးပြောတော့မှ
စိုးရိမ်ကြီးနေတဲ့ မျက်ဝန်းတွေက
အနည်းငယ်လျော့ပါးသွားပြီး
ဆယ်ဟွန်းဘက်ကို ကြည့်လာသည်။"မန်နေဂျင်းရယ် အားနာလိုက်တာ။
ကိုယ့်အပူက သူများအပူဖြစ်ကုန်ပါပြီ။"ဆယ်ဟွန်းပြုံးပြလိုက်ရသည်။
ဘယ့်နှယ့် သူများအပူရမှာတုန်း။
မိသားစုတွေပဲဟာကို။
ပြီးတော့ လုဟန်အပူက
ဆယ်ဟွန်းအပူပဲ မဟုတ်လား။"ရပါတယ်။ ကျွန်တော့်ကို အားနာစရာမလိုပါဘူး။
လုဟန်ကိုသာ....."နဂိုတည်းက မျက်နှာလွှဲနေသော ကောင်လေးက
သူ့အမည်ခေါ်လိုက်မှပဲ အသာကြည့်လာသည်။"သေချာ ဂရုစိုက်ပေးပါ။
ကျွန်တော် စိတ်ပူလို့လေ။"လုဟန်ရဲ့ ပါးနှစ်ဖက်က
သိသိသာသာ ရဲတက်သွားသည်။"ရှင်။"
လုဟန်ရဲ့ မိခင်ကလည်း အံ့သြတကြီးဖြစ်သွားရပြီ။
"သြော် ဒီလိုပါ။
လုဟန်က ဗြောင်လေးရဲ့ သူငယ်ချင်းလေ။
အဲ့ဒီတော့။"ခုမှ လုဟန် ရင်တုန်သက်သာရတော့သည်။
မဟုတ်ရင် ဒီလူကြီးက ဘာတွေပြောနေအုံးမယ်မသိ။
"ဟို.......မေမေ
သားတို့ ပြန်ကြရအောင်လေ နော်။"မိခင်ကိုကပ်၍ မျက်နှာငယ်ပြသည့် လုဟန်။
အင်းပေါ့လေ။ပင်ပန်းရောပေါ့။
"ပြန်လိုက်ပါအုံးမယ် မန်နေဂျင်း။
ကျေးဇူးတင်ပါတယ်ရှင်။
နောက်ရက်ကျ ထမင်းဖိတ်ကျွေးပါ့မယ်။
အိမ်ကိုကြွခဲ့ပါအုံး။""ဟုတ်ကဲ့ခင်ဗျ။သေချာပေါက်လာခဲ့ပါ့မယ်။"
လုဟန်တို့သားအမိကို အိမ်ပေါက်ဝအထိ
လိုက်ပို့ပေးမိသည်။