"လုဟန် မင်းဒီနေ့ တအားရွှို င်းလာတယ်နော်။"
ဂျယ်လိမ်းပြီး ထောင်ထားတဲ့ ဆံပင်ရှေ့နားကို
ဗြောင်က လက်နဲ့ လာသပ်ရင်း ပြောတာမလို့
ခေါင်းကို တိမ်းရှောင်ရသေးသည်။"သူများတွေအလှပြင်လာတဲ့နေ့မှ
ုငါ့အစ်ကိုကလည်း လာမကြို ဘူးကွာ။"ဗြောင်က ထုံးစံအတိုင်း
လုဟန်အနာကို အရက်ပြန်ဖြန်းတာပေါ့။ဗြောင့်လက်မောင်းကို လက်သီးနဲ့
တစ်ချက်ပိတ်ထိုးလိုက်ပြီး သူရယ်မောမိပါသည်။ဟုတ်ပါတယ်။
ဒီနေ့ လုဟန်လေး တအားတွေ ရွှိုင်းလာတာပါ။
ဆယ်ဟွန်းရဲ့ ပုံကျသပ်ရပ်နေတဲ့ ဆံပင်တွေကို
အားကျမနာလိုတဲ့စိတ်နဲ့
သူလည်းပဲ ကြည့်ကောင်းတယ်ဆိုတာကို
ပြချင်တာမလို့
အစ်ကိုချန်းရဲ့ ဂျယ်ဘူးကြီးကို
သွားယူလိမ်းထားရတာ။သူလုဟန်ကို မြင်ရင်
ဘယ်လိုများဖြစ်သွားမလဲဟူ၍တွေးပြီး
တစ်မနက်လုံး မှန်ကြည့်တိုင်း ပီတိဖြာနေခဲ့တာ။လာကြို မည့်အချိန်မတန်ခင်တည်းက
လုဟန်မှာ အိမ်ရှေ့က ခုံတန်းလျားမှာ
ထိုင်စောင့်နေခဲ့လေသည်။သို့သော် ဆယ်ဟွန်းဆီက ဖုန်းဝင်လာခဲ့ပါသည်။
သူအစောကြီး ရုံးတက်ရလို့
လာမကြိုအားပါဘူးတဲ့လေ။ခဲလေသမျှ သဲရေကျသလို ပဲရေပွတောင်
မစားနိုင်တော့တဲ့ လုဟန်အဖြစ်။ကျောင်းတောင်မလာချင်တော့အထိ
အားပြတ်သွားခဲ့ရတာပါပဲ။အခုလည်း ဗြောင်က စနောက်နေလို့သာ
လုဟန်မှာ ရယ်မောနေရပေမယ့်
စိတ်ထဲတော့ သိပ်မပါလှပါ။
ရင်ထဲမှာ တစ်ခုခုပဲလစ်ဟာသလိုနဲ့
တစ်ခုခုကို အလိုမကျ အားမရတဲ့ အဖြစ်။အရင်ကလည်း လုဟန်နဲ့ ဗြောင်က
Bus နဲ့ ကျောင်းသွားနေကျပါပဲ။ဆယ်ဟွန်းက အတင်းတွေ အကြိုအပို့လုပ်ပေးတာ
တစ်ပတ်ကျော်ပဲ ရှိသေးတယ်။
အကျင့်တွေ ပျက်ကုန်ရပြီ။
