31

6.2K 833 65
                                    

"လုဟန်​မှာ ရန်​ညှိုးရန်​စရှိတဲ့သူရှိလား"

သူ့ကို စိတ်​အေးအေးထားဖို့
ပြောပြီးတဲ့နောက်​မှာတော့
ဂျုံအင်​ဟာ တည်​ငြိမ်​တဲ့လေသံနဲ့  မေးလာခဲ့သည်​။
ဂျုံအင်​က
တိုက်​ဆိုင်​စွာ ဖုန်းခေါ်လာခဲ့၍သာ
တော်​သေး၏။

မဟုတ်​ရင်​ သူလုပ်​ရမလဲ သိမှာမဟုတ်​ဘူး။
လုဟန်​ကိုရှာချင်​စိတ်​နဲ့
လူသတ်​ချင်​စိတ်​ကလွဲပြီး
သူ့ခေါင်းထဲမှာ ဗလာဖြစ်​နေသည်​လေ။

"မရှိဘူး ....ရှိနိုင်​မယ့်​ ကလေးလည်း မဟုတ်​ဘူး။"

ကားဆီကို ပြေးသွားနေတဲ့ သူက
ရင်​တွေ တဒိတ်​ဒိတ်​ခုန်​ပြီး
တစ်​ကိုယ်​လုံးလည်း ပူထူနေခဲ့သည်​။

ဒါဟာ တရှိန်​ရှိန်​ ပြန်​တက်​လာတဲ့
အဖျားသွေးကြောင့်​သက်​သက်​ မဟုတ်​ပါဘူး။

ရင်​ထဲက အပူတွေက တစ်​ကိုယ်​လုံးကို
ပျံ့နှံ့ကူးလူးသွားတဲ့ သဘောပဲဖြစ်​သည်​။

အားကိုးတကြီး ဟစ်​အော်​ခဲ့သည့်
ဟန့်​လေသံလေးဟာ
သူ့နားထဲက မထွက်​နိုင်​သေးဘူး။

"ဖုန်းရဲ့ တည်​နေရာ ရပြီ ဆယ်​ဟွန်း။"

ဖုန်းထဲဝင်​လာသော
လိပ်​စာရေးထားသည့်​ စာတိုလေးကိုကြည့်​ပြီးတာနဲ့
သူကားကို တရှိန်​တိုး ဝိုက်​လှည့်​ မောင်းနှင်​မိတော့သည်​။

ရည်​ညွှန်းသည့်​ နေရာရောက်​သည်​နှင့်
သူကားပေါ်က သွက်​သွက်​ဆင်းမိသည်​။
(ကားတံခါးပင်​ ပြန်​မပိတ်​မိ)

အမောတကော အပြေးရောက်​လာခဲ့ရသည့်
ထိုနေရာက သူမျှော်​လင့်​ထားသလို
ရလာဒ်​မဖြစ်​စေခဲ့တာ နာကျင်​စရာကောင်းသည်​။

လူတစ်​ယောက်​ကို ဖမ်းဝှက်​ထားနိုင်​လောက်​သည့်
အဆောက်​အဦးရှိဖို့နေသာသာ
ကားမှတ်​တိုင်​မှလွဲပြီး
ဘာမှမရှိသည့်​ မြက်​ပင်​တရုန်းရုန်းနဲ့
ကွင်းပြင်​အကျယ်​အပြန့်​ ထိုနေရာ။

"ဟန်​.....လုဟန်​။"

ကြားစေနိုးနဲ့ သူအသံကုန်​ဟစ်​ခေါ်မိလိုက်​သည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now