We got married!

1.3K 144 28
                                    

ဆယ်ဟွန်းက ဝိုင်ကို ဖြည်းဖြည်းချင်း သောက်နေရင်း
သူ၏ ဘယ်ဘက်လက်သူကြွယ်က လက်စွပ်ကိုလည်း
ပြုံးကာ ကြည့်နေမိသည်။

ယောက်ျားဆန်ဆန်ဖြင့် ထည်ဝါတောက်ပနေသည့်
ထိုလက်စွပ်ကလေးသည် သူ၏ ဟန်ကလေးထံမှဖြစ်၏။

ဟန်က သူ၏ မုန့်ဖိုးကလေးများကို စုကာ
သူ့အတွက် လက်စွပ်ဝယ်ခဲ့ပြီး
ချစ်သူသက်တမ်း ၅နှစ်ပြည့်သည့်နေ့တွင်
လက်ထပ်ခွင့်တောင်းလာခဲ့သည်။

ဟန်က သူပြောဖူးခဲ့သည့်အတိုင်း လက်ထပ်ဖို့ အဆင်သင့်
ဖြစ်သည့်အချိန်တွင် လက်ထပ်ခွင့်တောင်းလာခြင်း။

ထိုညနေခင်းကလေးအား သူမှတ်မိပါသေးသည်။
ထိုနေ့တွင် သူနှင့် ဟန်က ခါတိုင်းနှစ်များကဲ့သို့
သူ့တိုက်ခန်းမှာ နှစ်ယောက်တည်း
ပါတီအသေးစားကလေးတစ်ခု ဆင်နွှဲနေခဲ့တာပင်။

အလုပ်ဝင်ဖို့ ကြိုးစားနေပြီဖြစ်သည့်ဟန်က
သူနဲ့ အချိန်တိုင်း အတူရှိမပေးနိုင်ပါ။

လေ့လာသင့်သည်များကြားတွင် သင်တန်းတွေ
စာတွေနဲ့ လုံးလည်ချာနေလျက်မလို့
ထိုကဲ့သို့ ရက်မျိုးတွင်သာ နှစ်ယောက်က
သေချာ အတူရှိနိုင်တာမျိုး။

သူကလည်း အခွင့်ရခိုက်အချိန်တွင်
ဟန်ကြိုက်သည်များအား စားဖိုမှူးပါခေါ်ယူ
ပြင်ဆင်ထားလိုက်သည်။

ဟန် လက်ထပ်ခွင့်တောင်းပုံက ဆန်းချည်ရဲ့။
ကိတ်ထဲတွင်လည်း လက်စွပ်မထည့်ပါ။
လူအများကြားထဲတွင်လည်း မဟုတ်ပါ။

နှစ်ကိုယ်တူရှိနေချိန်တွင် လှုပ်ရှားနေသော သူ့ကို
ခဏရပ်ခိုင်းပြီးမှ.....

သူ့ဘာသာဖွက်ယူထားသော ကတ္တီပါဘူးလေးထဲမှ
လက်စွပ်ကွင်းလေးကို ထုတ်ပြလာလျက်....

"ကိုကို ကျနော့်ကို လက်ထပ်တော့။"တဲ့.....

ခံစားချက်တွေမြင့်တက်နေချိန်တွင်
ဘုမသိဘမသိရပ်တန့်ထားရသဖြင့် အူတိအူကြောင်
သူ့မှာ ဘာပြောရမလဲမသိ။

လက်ထပ်ခွင့်တောင်းခံရသော
ကောင်မလေးတွေလိုလည်း သူ မငိုနိုင်ခဲ့ပါ။

သူ့စိတ်တိုင်းကျ စွပ်ပေးလာသော ကိုယ့်လက်ထဲမှ
လက်စွပ်လေးကိုပဲ မျက်လုံးအပြူးသားနဲ့
ကြည့်နေမိခဲ့၏။

ပီေက    ပီကေ   [completed]Tempat cerita menjadi hidup. Temukan sekarang