နှုတ်ခမ်းနှစ်လွှာ ဟလျက် အိပ်မောကျနေသော
လုဟန်ကို ဆယ်ဟွန်းပြုံးကြည့်နေမိသည်။စောင်ပါးလေးလွှမ်းခြုံပေးထားတာမလို့
မျက်နှာတစ်ခြမ်းလေးပဲ မြင်ရသည့်အနေအထား။စင်းကျနေတဲ့ မျက်တောင်လေးတွေက
ကော့ဖြာနေသည်။ထိုမျက်တောင်တွေအောက်မှာ
သူ့ကို စူးစူးရဲရဲကြည့်တတ်သည့်
သမင်မျက်ဝန်းလေးရှိသည်။သဘာဝအတိုင်းချယ်ရီရောင်သမ်းနေသည့်
နှုတ်ခမ်းဖူးဖူးလေးကဆိုရင်
သူ့ကိုဆို တစ်ခါမှ စကားကောင်းမပြောဘဲ
နှာဘူးချည့် ထပ်အောင် ခေါ်တတ်သည်။နဖူးပေါ်က ဆံပင်ရှုပ်ပွပွလေးကို
လက်နဲ့ အသာသပ်တင်ပေးလိုက်တော့
မျက်ခုံး အထက်နားမှာ မှဲ့လေး။အသက်ရှူ သံတွေပြင်းတဲ့အထိ
အိပ်မောကျနေသည့် ကောင်လေးက ချစ်မဝချင်စရာ၊ဒီစွာတေးလန်လေးကို
သူဘယ်လိုများ ချစ်ခဲ့မိပါလိမ့်။ပထမဆုံးတွေ့သည့် အချိန်က ကဗျာဆန်လှသည်။
သူ့ဝန်ထမ်းဖြစ်တဲ့ ချန်းအိမ်ကို
အကြောင်းကိစ္စတစ်ခုကြောင့်သွားရင်းနဲ့
တွေ့ခဲ့တာဖြစ်သည်။နှင်းဆီပန်းအိုးတွေ နားမှာ
ထိုင်နေသည့် ကောင်လေး။ဆံပင်ဝဲဝဲလေးထက်မှာ
ခေါင်းပတ်အဖြူ လေးရှိပြီး
ဘောလုံးဝတ်စုံ အပြာလေးကို ဝတ်ထားသည်။အပင်တွေနဲ့ကွယ်နေတာမလို့ မျက်နှာလေးတောင်
သေချာမမြင်ရလို့ အနားသွားကြည့်ခဲ့တဲ့အထိ
အရုပ်လေးက တအားကို လှသည်။ငုတ်တုတ်ထိုင်ကာ ဖိနပ်ကြိုးချည်ရင်း
အလုပ်ရှုပ်နေတဲ့ ကောင်လေးက
နှုတ်ခမ်းကိုလည်းစူထားသေးသည်။ဖိနပ်ကြိုးချည်ရတာ အဆင်မပြေလို့
စိတ်တိုင်းမကျဖြစ်နေပုံပါပဲ။ချည်နေရင်းက မရလည်းမရရော။
ဖိနပ်ကြိုးကို ပစ်ချကာ ခြေတစ်ဖက်ဆောင့်သည်။