"ပြောပါအုံး ငါ့အကိုနဲ့ အခြေအနေလေး။"
ဗြောင်က အနားတိုးလာလျက်
လုဟန် လက်မောင်းပေါ် မေးတင်ကာ
မေးလာပါသည်။ဒါမေးနေတာ ငါးကြိမ်ထက်မနည်းလေတော့
လုဟန် စိတ်ညစ်လာတာမလို့
လက်မှာကိုင်ထားတဲ့ ဘောပင်နဲ့
နဖူးလေးကို အသာခေါက်ချလိုက်သည်။"အိမ်စာမပြီးသေးဘူးဆို ရေးစရာရှိတာမရေးဘဲ။"
ဗြောင် နှာခေါင်းလေးရှုံ့လျက် ပြန်လှည့်သွားပါသည်။
ဒါလေးမေးတာကို အမှန်အတိုင်းဖြေလိုက်တော့
ဘာဖြစ်မှာမလို့လဲ။လူတွေဟာလေ တအားတွန့်တိုကြတာပဲ။
ဗြောင့်ကို ဒီလို လျှို လို့ ဘယ်ရပါ့မလဲ။
"နေပါအုံး။
မင်းကရော ဘာလို့အိမ်စာမပြီးလာတာလဲ ။"မကျေနပ်စွာဖြင့် လုဟန်ဘက်ကို တစ်ခါလှည့်ပြီး
ထပ်မေးလာပါသည်။"ငါက မင်းလို မပြီးတာမဟုတ်ဘူး။
အခန်းမှားရေးလာမိတာ။"လုဟန်ကအေးဆေးပဲ
ပေတံသားရင်းပြောလာသည်။ဗြောင် မျက်ခုံးလေး ကျုံကာ စဉ်းစားသွားရသည်။
လုဟန်လို စာကို အထူးဂရုစိုက်တဲ့သူက
အိမ်စာပေးတဲ့အခန်းကို မှားရေးတယ်ဆိုတာ
အထူးစိတ်ဝင်စားစရာ ကိစ္စပဲ။"မင်းစိတ်တွေ
ဘယ်ရောက်နေလို့ မှားရေးရတာလဲ။"ထပ်တိုးကပ်ကာ မေးလာတော့
လုဟန်စိတ်မရှည်တော့ပါဘူး။စာအုပ်ကို ပိတ်ကာ ထိုင်နေတဲ့ ခုံက ထပါသည်။
"မင့်အကို အိုဆယ်ဟွန်း ဆီ ရောက်နေလို့
စာတွေမှားရေးတာဟေ့ ရပြီလား။"ခုံကို နောက်ရွှေ့ကာ
အပြင်ထွက်ဖို့ ကြိုးစားနေသော လုဟန်လက်ကို
ဗြောင်က ဖမ်းဆွဲထားလိုက်ပြီး"လုဟန် မင်း တကယ်လား။"
လုဟန် နှုတ်ခမ်းတစ်ဖက်တွန့်၍ ပြုံးပါသည်။