"လုဟန် ခဏ လာအုံး။"
ဗြောင်က လုဟန့်လက်ကို ဆွဲကာ
သူ့အခန်းထဲသို့ ခေါ်သွင်းသည်။"မင်းနဲ့ အစ်ကိုဆယ်ဟွန်းနဲ့က သိနေတာလား၊"
အမှန်ဆို ဒီမေးခွန်းက လုဟန်မေးရမှာမဟုတ်ဘူးလား။
"မင်းသာ အရင်ပြောစမ်းပါ ဗြောင်ရဲ့။
မင်း သူနဲ့ ဘယ်လိုသိတာလဲ။"ဗြောင်က လုဟန်ကို မေ့တတ်ရန်ကောဟု
ကြည့်သည်။"မင်းကို ငါပြောဖူးတယ်လေ
နိုင်ငံခြားက ပြန်လာမယ့်
ငါ့အကို ဝမ်းကွဲဆိုတာလေ ။အဲ့ဒါ သူ။"ဒါဆိုရင် အိုဆယ်ဟွန်းက ဗြောင် ခဏ ခဏ
ပြောနေတဲ့ သူအရမ်းခင်တဲ့ သူ့အကိုပေါ့။ဒီလိုဆိုတော့ ဗြောင် သူ့ကို အဲ့လူအမည်ကို
တစ်ခါ ပြောဖူးသေးတာပဲ။အာရုံထဲသိပ်မထည့်ထားလို့
သူမေ့နေခြင်းသာဖြစ်မည်။ဒါကြောင့် သူတို့အိမ်ကို
ပထမဆုံး ဒီလူအိမ်ကိုလာလည်တော့ သူ့အမည်ကို
ကြားဖူးသလိုရှိတယ်ဆိုပြီး တွေးမိခဲ့သေးတာ။"မဟုတ်မှလွဲရော "
ဗြောင့်ဆီက ရေရွတ်သံလေးကြောင့်
သူမော့ကြည့်လိုက်သည်။"မင်းအကိုရဲ့ မန်နေဂျင်း ဆိုတာ ။"
လုဟန် စိတ်ပျက်စွာ ခေါင်းညိတ်ပြလိုက်သည်
" အစ်ကိုချန်းက ငါ့အကိုတို့ ဆီမှာ
အလုပ်ဝင်နေတာလား ဒါဆို။""အေး......
ငါနဲ့မတည့်တဲ့ နှာဘူး က မင်းရဲ့ အဲ့အကိုပဲ။"လုဟန် အားရှိပါးရှိအော်ပြီးမှ
စိတ်မသက်မသာဖြစ်သွားတဲ့
ဗြောင့်မျက်နှာကြောင့် အားနာသွားရသည်။"ဗြောင် ငါ ပြန်တော့မယ်"
လှည့်ထွက်မည့် သူ့လက်ကို
ဗြောင်က ဖမ်းဆွဲလိုက်ပြီး။"မင်းအိမ်မှာ ဘယ်သူမှမရှိဘူးဆို
ဒီမှာပဲနေလေ နော်။
ညအိပ်ဖို့လာတာမဟုတ်လား။"