"အစ်ကို ချန်း။"
လုဟန်ကို ကြည့်နေတဲ့ ချန်းရဲ့ မျက်ဝန်းတွေကို
လုံးဝခန့်မှန်းလို့မရဘူး။သူတို့ ၂ ယောက်ကို မြင်သွားခဲ့တာလား။
ဘယ်ချိန်တည်းက ရောက်နေတာပါလဲ ဆိုတာကနေ
သူတို့ ၂ယောက်အကြောင်း သိသွားခဲ့ရင်
ဘယ်လိုဖြစ်မလဲ ဆိုတာအထိ လုဟန် တွေးပူရသည်။မပြုံးမရယ် ရပ်နေတဲ့ ချန်း အနားကို
လုဟန် ခေါင်းလေးငုံ့လျက်
တရွေ့ရွေ့လျှောက်သွားလိုက်တော့"ဘယ်ကပြန်လာတာလဲ။"
လုဟန် ခေါင်းလေးငုံလျက်သားက ဖြေမိသည်။
"ဟို....ကျောင်းကလေ။"
ပြန်လာတာက ကျောင်းကဆိုပေမဟ့်
လမ်းက အဖြစ်အပျက်တွေ အကြောင်းကိုတော့
လုဟန် ချန်လှပ်ထားရတာပေါ့။"အေးလေ သိတယ်လေ
ခုနက မန်နေဂျင်း။"မန်နေဂျင်းဆိုတာကြားရတော့ လုဟန် ဆတ်ကနဲ
မော့ကြည့်လိုက်မိသည်။"မန်နေဂျင်း ရဲ့ ကား လားလို့ ....
နောက်က မြင်လိုက်ရတာ။"နောက်က.....မြင်လိုက်ရတာ?....ဒါဆိုရင်....
ထွေထွေထူးထူးတော့ မြင်သွားပုံမပေါ်လောက်ဘူး
ထင်တာပဲ။"အာ ....ဟုတ်တယ်။
လမ်းမှာ တွေ့တော့...မှောင်နေတာနဲ့ လိုက်ပို့ပေးတာ။"လုဟန်ပြောတော့ ချန်းက မျက်မှောင်ကျုံ့သွားလျက်
တစ်ခုခုကို အံ့အားသင့်သွားပုံ။"မင်းကို ဘာလို့ လိုက်ပို့တာလဲ။
မင်းနဲ့ သူနဲ့ က အဆင်မပြေဘူးလေ။"အဲ.....
လုဟန်မှာ ယောင်နနဖြင့် ဘာဖြေရတော့မည်ကိုမသိဘဲ
ခဏကြောင်အသွားရပြီးမှ"အစ်ကိုကလည်း .....လူတွေပဲဟာ....
အမြဲ အဆင်မပြေတာတော့ ဘယ်ဟုတ်ပါ့မလဲ...
အဆင်ပြေတဲ့အခါလည်း ရှိတတ်တာပေါ့...အဟီး။"အစ်ကို့ကို မျက်နှာချိုသွေးပြောလျက် အပြေးသွားကာ
လက်မောင်းကို ဆွဲယူလိုက်ရင်း