*morning အချစ်လေး။*
"အဟွတ် အဟွတ်"
ဖုန်းထဲဝင်လာသည့် စာတိုလေးကို ဖတ်ပြီး
လုဟန်မှာ ကော်ဖီသီးရသည်။ဘယ်လိုတွေခေါ်နေတာလဲ။
သေချင်လို့။"လုဟန် ဘာဖြစ်တာတုန်း။"
မေမေက မီးဖိုထဲ ပြန်ဝင်လာရင်း မေးတာမလို့
သူ့မှာ မေမေ မရိပ်မိအောင် ကပြာကယာ
ဟန်ချက်ထိန်းရသည်။"ဘာမှ မဖြစ်ပါဘူး ။"
"ဘာမှမဖြစ်ရင်လဲ စားစရာရှိတာစား၊
သောက်စရာရှိသောက်လေ၊
အမြဲ အဲ့ဖုန်းကြီးပဲ လုပ်နေတာပဲ။"ထုံးစံအတိုင်း ကွကျိကွကျ အသံတွေ ထွက်လာတာမို့
လုဟန် လွယ်အိတ်ကို ကောက်ဆွဲရပါသည်။"သွားတော့မယ် မေမေ။
awww ပြီးတော့ အကိုချန်းက
ညနေကျ ပြန်ရောက်မယ်တဲ့။""ဟယ် ဟုတ်လား။
သားကြီးကလေ မေမေ့ကိုတောင် ဘာမှမပြောဘူး။"အဲ လုဟန် ခေါင်းကုတ်ရပါသည်။
တကယ်က လုဟန်ကိုလည်း
အစ်ကိုချန်းက ပြောတာမဟုတ်ပါ။ညက ဆယ်ဟွန်းက ဖုန်းဆက်ရင်း
ပြောပြသွားတာဖြစ်သည်။"အာ ပြောမှာပေါ့ ဟီး။"
လုဟန် အပြင်ကို အမြန်ထွက်ရပါသည်။
___________________________________
"မနက်စာ စားခဲ့လား။"
ကားတံခါးဖွင့်ပေးရင်း ဆယ်ဟွန်းက မေးလာတော့
လုဟန် ခေါင်းညိတ်ပြမိပါသည်။ရုပ်ရှင်ကြည့်တဲ့ညက နေပြီး ခုထိ လုဟန် သူ့ကို
ကောင်းကောင်း ရင်မဆိုင်ရဲသေးဘူး။သူက အတင်းလိုက်ရောရင်တောင်
လုဟန် မသိချင်ယောင်ဆောင်ပြီး ရှောင်ဖယ်ကာ
ဗြောင့်နားကိုသာ ကပ်နေမိသည်။ဖုန်းပြောရင်လည်း အကြောင်းအမျိုးမျိုးပြပြီး
ခဏပဲ ပြောသည်။သူ့လက်ဖဝါးကျယ်ကြီးနဲ့ ဆုပ်ကိုင်ခံခဲ့ရတဲ့
လက်ဖဝါးကလည်း လုဟန်ကို ရှက်စေတုန်းပါပဲ။
