"မအေးဘူးလား
ကားပြတင်းပေါက်ကြီး ဖွင့်ထားတာ။"အပြင်ကိုငေးမောရင်း လေအေးအေးတွေ
မျက်နှာကို ဖြတ်တိုက်နေတာကို ခံစားနေသည့်
လုဟန်က ဆယ်ဟွန်းကို
ပေစောင်ပေစောင်လှည့်ကြည့်လာသည်။အခု လုဟန်က ဆယ်ဟွန်းကားပေါ်ကို
လိုက်လာရတာဖြစ်ပါသည်။မလိုက်လို့မရဘူးလေ။
ညဘက်မှောင်မှောင်ကြီး အိမ်တစ်ယောက်တည်း
ပြန်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးမလား။ဗြောင့်ကိုခေါ်ဖို့ကျတော့လည်း ဗြောင်က
သူ့မိဘတွေ ဧည့်ခန်းပွဲက ပြန်လာတာကို
စောင့်ရမည်တဲ့။Taxi ငှားရင်ရပေမယ့်လည်း
/ကိုယ်လိုက်ပို့မယ်။/
ဆယ်ဟွန်းရဲ့
ပြတ်ပြတ်သားသား ထိုကစားတစ်ခွန်းကို
လုဟန် နာခံလိုက်ရပါသည်။သာမန်ဆို ကလန်ကဆန်လုပ်ပြီး ငြင်းမှာပေမယ့်
ဒီလူနဲ့ ကင်းချင်သလောက်ကင်းနိုင်အောင်
နေပစ်မှာပေမယ့်
အခြေအနေ အရပ်ရပ်က လုဟန့်ရဲ့ ကလန်ကဆန်
လုပ်မှုကို ခေတ္တငုပ်လျှိုးထားစေသည်။အကြောင်းအရင်းက ဒီလို။
လွန်ခဲ့တဲ့ မိနစ်တွေအတွင်းမှာ လုဟန်ဟာ
အိပ်ခန်းထဲက ပြေးထွက်လာပြီး
TV ဖန်သားပြင်ပေါ်က ပုံရိပ်များကို ကြည့်ပြီး
အသံကုန်အော်ငိုခဲ့ပြီးဖြစ်သည်။
ဆယ်ဟွန်းကိုလည်း နှာဘူးလို့ အခါခါစွပ်စွဲပြီး
အော်ဟစ်သောင်းကျန်ခဲ့သည်လေ။တကယ်တော့ ဆယ်ဟွန်းခမျာ ဘာမှ သိတာမဟုတ်။
သူ့ဘာသာ အိမ်ရှေ့ထွက်ပြီး Phone ပြောနေရာမှ
လုဟန့်အသံကြားသဖြင့်သာ
အလျင်စလို ပြန်ဝင်လာရတာဖြစ်သည်။ဒါကိုတောင် ဘုမသိဘမသိနဲ့
လုဟန်က စွပ်စွဲလိုက်တာဆိုတာ ရစရာကိုမရှိပါ။တကယ်က အဆိုပါဇာတ်ကားကို စဖွင့်ထားခဲ့သူဟာ
လုဟန်သာဖြစ်ပြီး
နိုင်ငံခြားကား အတော်များများဟာ
အဆိုပါ ဇာတ်ဝင်ခန်းမျိုးကအနည်းနဲ့အများ
ပါဝင်တတ်တာပဲမဟုတ်ဘူးလား။