လုပ်မိလုပ်ရာအနေနဲ့
အရှေ့က အအေးပုလင်းကိုသာ
ကောက်မော့ချမိသည်။သို့တိုင်အောင် အဆင်မပြေ၊
တကယ်မပြေသေး။ဒီအခြေအနေက ဘယ်လိုအခြေအနေကြီးလဲ
မိမိလဲ ဘာမှ မလုပ်ရပါဘဲ
ဲအိမ်မှာအေးဆေး Game နှိပ်ပြီး
နှပ်နေရမယ့်အချိန်မှာ ဘုမသိဘမသိနဲ့
သူများပြဿနာကြားထဲ ကန့်လန့်ပါနေရတဲ့အဖြစ်။ကိုယ်စားပဲ ကြိုးစင်တက်ရတော့မလိုလိုနဲ့
သူ့မှာ ရင်တမမနဲ့ ထိုင်နေရသည်။သူ့ဘေးက အကိုဖြစ်သူကလည်း
ခြေထောက် နှစ်ချောင်းကို ခုံပေါ်တင်ကာ
တင်ပျဉ်ခွေထိုင်လျက် သတိအနေအထား။အရှေ့က တစ်ယောက်ကတော့
လူပဲသတ်တော့မလိုနဲ့
မျက်လုံးတွေကအစ အေးခဲနေသည်။ဒီမှာထိုင်နေရတာ နာရီဝက်ရှိပြီ။
သို့တိုင်အောင် ဘာတစ်ခွန်းမှ မကြားရသေး။သူ လှုပ်လီိလှုပ်လဲ့လုပ်တဲ့ အသံကလွဲရင်
တိတ်ဆိတ်ငြိမ်သက်နေသည်။ကောင်တာမှာလည်း
ဆိုင်ပိုင်ရှင်အစ်ကို ဂျုံ အင်က
မေးထောက်ကြည့်ရင်း တဲ့တိုးပဲ
လှမ်းအကဲခတ်နေသည်။နေစမ်းပါအုံး။ စိတ်တိုလိုက်တာ။
သူတို့ အဆင်ပြေသာယာချိန်ကျတော့
ဗြောင်ဟျွန်းဆိုတဲ့ မိမိကို သတိမရကြတော့ဘဲ
အခုလို သူတို့ပြဿနာတက်မှ
ကြားလူလို ဆွဲထည့်ခေါ်သွင်းလိုက်တာ
ဘာသဘောလဲ။အိမ်မှာအေးဆေးနေတဲ့ဟာကို အကိုဖြစ်သူက
မနက်အစောကြီး ရောက်လာပြီး
သေဖော်သေဖက်လာညှိသတဲ့။နောက်ဆုံးထွက် ဂိမ်းစက်ရဲ့ မျက်နှာသာမရှိရင်
ဒီနေ့ဒီနေရာမှာ သူ့ကို မြင်ရဖို့နေနေသာ
သူ့အနံ့တောင်ရစေမှာမဟုတ်။အငွေ့တလူလူထွက်နေလောက်လားမသိသည့်
မျက်လုံးတွေနဲ့ လုဟန်က
အစ်ကို ဆယ်ဟွန်းရဲ့ တစ်ကိုယ်လုံးကို
စုန်ချည်ဆန်ချည် ကြည့်နေသည်။အစ်ကိုဆယ်ဟွန်းကို ငဲ့ကြည့်တော့လည်း
ခေါင်းငုံ့ပြီး ခါးမတ်ထိုင်နေတာများ
အသက်တောင် ရှူ နေရဲ့လားမသိ။