"ဟန့်ကို မဆူပါနဲ့"
တောင်းပန်တိုးလျှိုးသလို ကြည့်လာသည့်
မျက်ဝန်းများကို ချန်း မြင်ယောင်မိသည်။ဆိုင်အပြင်မှန်ကနေတစ်ဆင့် ဆိုင်ထဲကို
မြင်လိုက်ရသည်နှင့် ခေါင်းထဲ ပူထူသွားကာ
ဘာကို မှ ချင့်ချိန်ချိန် မရဘဲ
Closed ဟူသော စာတန်းကပ်ထားသည်ကိုပင်မမှု
ဆိုင်ထဲ ဝင်ခဲ့မိတာ။တစ်ဖက်လူပေါ် ထိုင်နေသည့် လုဟန်ကို
မြင်ရသည့် အချိန်မှာ ရင်ထဲ ပူဆင်းသွားကာ
မျက်လုံးတွေပါ ပြာဝေမတတ်ဖြစ်သွားရသည်။တစ်ဖက်က သူ့အထက်လူကြီးဖြစ်နေလို့သာ
သူ့ဒေါသတွေကို မနည်းထိန်းခဲ့ရတဲ့ အဖြစ်။ဒီကောင်လေး
ဒီရက်ထဲ တစ်မျိုးဖြစ်နေသည်ကို သိပေမယ့်
ကျောင်းစာနဲ့ ဘောလုံးကလွဲပြီး
ဘာမှ အရေးမလုပ်သည်ကို တွေးယုံမိကာမှ
စုံလုံးကန်းရတဲ့ အဖြစ်။အမေနဲ့ သူ့ဟာ နေ့စဉ်နီးပါး
ခေါင်းမာအကြောတင်းသည့် လုဟန်ကို
ဆူလိုက် ခေါက်လိုက် လုပ်ပြီးတိုင်း
မုန့်ဝယ်ကျွေးကာ မသိမသာ ပြန်ချော့ခဲ့ကြသည်။ဆိုလိုတာက လုဟန်ဆိုတာ သူတို့အတွက်
ကလေးလေးပဲ။ဆူပစ်မယ်။ပြီးရင် ချော့မယ်။
အကိုကို ထပ်တစ်ခွန်းမကျန် ပြန်ခံပြောတတ်ကာ
ခေါင်းခေါက်လိုက်လည်း ခဏပဲ စူပုပ်သွားပြီး
လုပ်ချင်တာလုပ်မြဲ ကလေးငယ်က
သူစိမ်းတစ်ယောက်နဲ့ ဒီလိုအနေအထားအထိ။သူစိမ်းဆိုတာကလဲ မန်နေဂျင်းလိုလူနဲ့မှ။
/မဆူပါနဲ့ / တဲ့။
ရည်းစားထားရမယ့် အရွယ်မဟုတ်ဘဲ
ရည်းစားထားနေတာကို
မဆူလို့ မြှောက်ပေးရမှာလား။"ငါထင်တယ် လုဟန်ရဲ့။
နင် မူမမှန်တာ ငါသိနေတယ်။"ကုတင်ပေါ်ထိုင်ကာ အဆူခံနေရသည့်
လုဟန်ပခုံးကို မေမေက ရိုက်သည်။"အဲ့ဒါကြောင့်
နင့်ကို ဟိုက ကျောင်းပို့ကျောင်းကြိုလုပ်နေတာကို။"