"မေမေကလည်း သားမသောက်ချင်ပါဘူးဆို
သားက ကော်ဖီပဲ......"မေမေ့ရဲ့ မျက်လုံး တစ်ချက်လှန်အကြည့်မှာ
အထွန့်တက်တော့မယ့် လုဟန်ခမျာ
နှုတ်ခမ်းလေး ပြန်စေ့လိုက်ရပါ၏။မေမေကမ်းပေးလာသည့် နွားနို့ခွက်ကိုယူကာ
တစ်ငုံသောက်လိုက်တော့ ချိုအီတဲ့ အရသာကြီးက
သူ့အား ရှုံ့မဲ့သွားစေသည်။ဒါ ညဘက်တိုင်း နွားနို့သောက်ခါနီးရင်
လုဟန်ဖြစ်နေကျပါပဲ။နွားနိ့ ခိုးသွန်တာကို မေမေ သိသွားကတည်းက
မေမေ့ရှေ့မှာ သူကုန်အောင်သောက်ပြရသည်။ဒါကြောင့် .....အခုလည်း။
"လုဟန် ...ရော့ မန်နေဂျင်းကို သွားပို့လိုက်။
မီးလည်းကူကြည့်ပေးလိုက်အုံး။
ထင်းမီး သိပ်မသုံးတတ်လောက်ဘူး။"ကော်ဖီခွက်ဆီက ကော်ဖီနံ့ သင်းသင်းလေးက
လုဟန် နှုတ်ခမ်းကို စူထော်စေသည်။မေမေကလည်း လူချင်းအတူတူတောင်
အဆင့်အတန်းခွဲခြားတယ်။
ကိုကို့အပေါ် စိမ်းစိမ်းကားကားကြီး
မဆက်ဆံတော့ဘဲ၊
နည်းနည်း မျက်နှာသာပေးလာတာကို
ဝမ်းမသာအားဘူး။သူ့ကိုကျ နွားနို့တိုက်ပြီး
ကိုကို့ကို ကော်ဖီတိုက်တဲ့မေမေ့ကိုသာ
လုဟန်စိတ်ထဲ မကျေမနပ်ဖြစ်နေရပါသည်။လုဟန်က အစားအသောက်နဲ့ ပက်သက်ရင်
ခုလိုပဲ လောဘ တကယ်ကြီးပါသည်။ဗန်းလေးထဲကို ကော်ဖီခွက်နဲ့အတူ
သူသောက်ရမည့် နွားနို့ခွက်လေးပါ
ထည့်မ,လိုက်တော့ မေမေက မုန်လာဥတွေ
လှီးဖြတ်နေရင်း အော်ပါတော့သည်။"ဟဲ့ ....လုဟန်
တစ်ခါတည်းသောက်သွားလေ။""ဧည့်သည်နဲ့ အတူတူသောက်လိုက်မယ်။"
မီးဖိုခန်းထဲက ထွက်ကာ
လုဟန်ပြန်အော်လိုက်ပါသည်။"နွားနို့ကုန်အောင်သောက်နော်
အားရှိအောင်တိုက်တာ....လူက ပိန်သေးနေပြီ။"