အိမ်ကထွက်တုန်းက
လုဟန်ဟာ တိတ်ဆိတ်နေခဲ့သလောက်
အပြန်လမ်းမှာတော့ တိတ်ဆိတ်သူဟာ
ချန်းဖြစ်လေသည်။ခေါင်းထဲမှာ အတွေးပေါင်းစုံပြွတ်သိပ်ခဲနေသည်မို့
တောက်လျှောက်တွေးယူပေမယ့်
ဘယ်အတွေးအတွက်မှ အဖြေမရလာဘူး။ရုပ်ရှင်ကြည့်ပြီးကတည်းက ချန်းမှာ
စိတ်နဲ့လူနဲ့ မကပ်တော့။
တစ်ခုခုကို နှမြောတသဖြစ်နေခဲ့ပြီး
ဝမ်းနည်းစိတ်တွေရော ရှက်ရွံ့စိတ်တွေပါ
လှိုက်တက်နေသည်။သူ့ကို မဆန့်ကျင်ဘဲ ကြည့်ပြီးသားရုပ်ရှင်ကို
ထပ်ပြီး သည်းခံကြည့်ပေးတဲ့ လုဟန်စိတ်ထဲမှာ
ဘာတွေများ တွေးနေခဲ့ပါလိမ့်။သူမျက်နှာပျက်သွားမှန်းသိတော့မှ
ဝန်ခံမိသွားတာ မှားပြီလားဆိုတာကို
လုဟန်တွေးမိသွားပုံပေါ်သည်။၂ခါပြန်ကြည့်တာတောင် ဇာတ်ကားကရိုးမသွားလို့
နောက်တစ်ကြိမ် ဗြောင်နဲ့ ကြည့်ပါအုံးမယ်တဲ့။စကားပြန်ဖာသည့် သဘောနှင့်
ပြောလာမှန်းသိတာမို့
သူ့မှာ စိတ်ပါလက်ပါ လက်မခံနိုင်။လက်ချိတ်ပြီး တီတီတာတာပြောနေကြသော
စုံတွဲတွေများတွေ့မိလျှင် သူ့ရင်ထဲနာလာသည်။သူ့ညီလေးဆိုလျှင်လည်း ဟိုလူနဲ့။
သူကိုယ်တိုင်တောင် မြင်ကွင်းတစ်ခုကို
မျက်ဝါးထင်ထင် မြင်ခဲ့ပြီးပြီပဲ။ဒါမျိုးတွေက ဆက်တွေးစရာမလို။
အရူးကောင်လေးရဲ့....
ဘာလို့များ သူစိမ်းကိုယုံစားပြီး
လိုက်လိုက်လျောလျော နေခဲ့ရသလားကွယ်။နှမြောသည်။
သူ့လက်ဝါးထဲ နစ်မြုပ်ခဲ့ဖူးသော
ဖောင်းအစ်နုမွတ်သည့် လက်ဖဝါးလေးက
တစ်ပါးသူနဲ့ လိုက်ဖက်စွာ တွယ်ချိတ်တတ်နေပြီ။မွှေးကြူ ဖူးခဲ့သော ပါးဖောင်းလေးတွေက
ခုတော့.....ဘေးကနေ အရိပ်တကြည့်ကြည့်ကပ်ပါလာတဲ့
လုဟန်ရဲ့ လက်ဝါးလေးတစ်ဖက်ကို
သူဆွဲမိလိုက်သည်။