တစ်စုတစ်စည်းတည်း သွားစေချင်တဲ့ Mr.Kim ရဲ့
ဆန္ဒကြောင့် ဆယ်ဟွန်းသည်လည်း
သူ့ကားကို အိမ်မှာ ရပ်ထားခဲ့ရကာ
လုဟန်တို့အိမ်က ကားနဲ့ လိုက်ရသည်။မနက်၎နာရီခွဲတည်းက ထွက်လာရသည်မလို့
ညဘက်က အိပ်ရေးမဝသေးတဲ့ လုဟန်မှာ
ကားပေါ်ရောက်တာနဲ့ ငိုက်လျက်ရှိသည်။ချန်းက ကားမောင်းနေရာကနေ အနောက်ကို
တကြည့်ကြည့်။
ချန်းရဲ့ ဘေးကနေရာမှာ Mr.Kim ရှိသည်။သူများကားကို အသင့်တက်စီးနေရတာကို
ဆယ်ဟွန်းမှာ အားနာလို့မဆုံးဘူး။သို့ပေမယ့် တလှည့် မောင်းခွင့်လည်းမပေးတာမလို့
မျက်နှာပူစွာနဲ့ပဲ ကားအလယ်ခန်းထောင့်နေရာမှာ
ခပ်ကုတ်ကုတ်ထိုင်နေမိသည်။ကားပြတင်းကနေ အပြင်ကို ငေးပြီး ငြိမ်နေရင်း
အတွေးတွေလွင့်မျောနေလိုက်တာ
ဘေးက ခေါင်းလုံးလုံးလေး ပခုံးကို အိကနဲ
လာထိလာတော့မှာပဲ။"အယ်....သား....လုဟန်။"
Mrs Kim က လုဟန်ရဲ့ တစ်ဖက်ကနေ
လုဟန်လက်မောင်းကို ကိုင်လှုပ်လိုက်တော့လည်း
လုဟန် လုံးလုံးလျားလျားမနိုးပါ။"ရောက်မှနှိုး....မေမေရယ်....နော်။"
အိကျိကွိကျိ ပြောပြီး ဆယ်ဟွန်းဘက်ကို
တိုးကပ်မှီတွယ်ကာ ပြန်အိပ်စက်သွားပြန်ပါသည်။"အင်း.....အိပ်အိပ်"
ပခုံးကို သူမှီဖို့ အဆင်ပြေ အလျဉ်းသင့်လှအောင်
တဖက်စောင်းချပေးလိုက်ပြီး
ခါးလေးကို ထိန်းဖက်ပေးလိုက်တော့
အိပ်စက်မှေးပျော်သူက ပိုအဆင်သင့်သွားသည်။မှီအိပ်ရုံနဲ့တင် အားမရ။
လက်တစ်ဖက်ကပါ
ဆယ်ဟွန်းရဲ့ ခါးကို သိုင်းဖက်ကာ
တစ်ကိုယ်လုံးမှီတွယ်ပစ်လိုက်တာဆိုတာ
ဆယ်ဟွန်းမှာ အသက်တောင် မရှူ ရဲ။အိပ်ပျော်သူက ဘာမှမသိပေမယ့်
နိုးကြားနေသူက မျက်နှာပူပါ၏။
