Ronaldo ပုံကပ်ထားတဲ့
အခန်တံခါးကို သူ အသာလေးတွန်းကာ
အထဲဖွင့်ဝင်လိုက်သည်။ဒီအခန်းလေးကို ဝင်လိုက်တာနဲ့ နွေးထွေးမှုနဲ့အတူ
လွမ်းဆွတ်မှုကပါ တစ်ပါတည်း ကပ်ပါလာသည်။ဒီအခန်းကကြာပြီ။
လုဟန် ၁၂ နှစ်သားတည်းက ဖွဲ့ခဲ့တာ။ကိုယ်ပိုင်အခန်း၊ကိုယ်ပိုင်စားပွဲခုံ၊ကိုယ်ပိုင်ကုတင်ရလို့
ပျော်နေခဲ့တဲ့ ပုံရိပ်လေးကို သူမမေ့သေးဘူး။လုံးချေပြီး ကုတင်ပေါ် ထိုးတင်ထားတဲ့
စောင်ကိုယူပြီး
သေချာပြင်ခေါက်ပေးလိုက်သည်။လုဟန်က ဖက်လုံးကို ခွရုံမက၊တက်ပါဖိအိပ်တတ်လို့
ဖက်လုံးတွေက သိပ်ကြာကြာ မလုံးနိုင်ဘူး။
တစ်လကျော်တာနဲ့ ပြားလာရောပဲ။အသစ်ဝယ်ထားတာမကြာတဲ့
ဖက်လုံးမပြားတပြားလေးကိုပါ
နေရာချပေးလိုက်သည်။ပြီးတော့ စာရေးစားပွဲနားဆီကိုသွားလိုက်တော့
စားပွဲပေါ်က Photo stand တစ်ခုကို မြင်ရတယ်။ဘွဲ့ဝတ်စုံဝတ်ထားတဲ့ချန်းနဲ့
ပန်းစီးကိုင်ထားတဲ့ လုဟန်က
တစ်ယောက်တစ်ပုခုံး တစ်ယောက်ဖက်ထားရင်း
ပြုံးပျော်နေကြတယ်။နောက်ပြီး စားပွဲပေါ်မှာ
ကွန်ပါဗူး အဟောင်းလေးကိုလဲ
တင်ထားသေးတယ်။ကွန်ပါဗူးလေးကိုသိမ်းပေးဖို့ အံဆွဲကိုဖွင့်လိုက်တော့
မှောက်ထားတဲ့ ဓာတ်ပုံတစ်ခုကို သူမြင်တယ်။သူယူကြည့်လိုက်တော့
အိုဆယ်ဟွန်းရဲ့ ဓာတ်ပုံ ဖြစ်နေတာမလို့
ချန်းရဲ့ ရင်ထဲ ဆစ်ကနဲ အောင့်သွားတယ်။သိသာသိစေ မမြင်စေနဲ့တဲ့။
တစ်ချို့အရာတွေက သိနေတာထက်
မြင်ရတာက ပိုနာကျင်စေတယ်။အသိစိတ်ကို ညာထားလို့ရပေမယ့်
အမြင်အာရုံနဲ့ အတည်ပြုထားသမျှကိုတော့
လိမ်ညာလို့မရဘူး။သတိမေ့နေတဲ့ အိုဆယ်ဟွန်းကို ကြည့်နေတဲ့
လုဟန်ရဲ့ မျက်ဝန်းတွေကို သူမြင်တည်းက
သူလက်မခံချင်တဲ့ အမှန်တရားတစ်ခုကို
လက်ခံလိုက်ရတယ်။
(လုံးဝကို ညာယူပြီး လက်မခံဘဲနေလို့မရတဲ့အထိ)