"ဖယ်လေ ဟန်ရဲ့၊ကိုယ်ဆေးမယ်။"
အေပရွန်ဝတ်ကာ ပန်းကန်အထပ်လိုက်ဆေးဖို့
ပြင်နေတော့ ကိုကိုက ဝင်တားသည်။"ရတယ်
အလုပ်ပြန်သွားမှာမလား။သွားတော့လေ။"သူ့ကို ခုနကတည်းက
သိပ်ကြည်နေတာမဟုတ်မှန်းသိပုံတော့ပေါ်သည်။ဟင်းတွေအပုံလိုက်ခပ်ထည့်ပေးပြီး
မျက်နှာလို မျက်နှာရ လာလုပ်ပေမယ့်
ကိုကို့ကို အဖက်သိပ်မလုပ်ဖြစ်ဘူး။မနက်ကလည်း
အလုပ်ကို အတင်းလွှတ်မှသွားသည်။
နေ့လည်ကျတော့လည်း ပြန်လာသည်။ခုနကလည်း ဗြောင်လေးကို
တရေးတမောအိပ်အုံးဆိုပြီး
အိပ်ခန်းထဲဝင်အတင်းလွှတ်သည်။ကိုကိုက ဘာလို့ဆိုးရတာလဲ။
တမင်တကာကြီး လာနေရတာကိုတောင်
လူက အားနာနေပါတယ်ဆိုမှ
ကိုယ့်ကြောင့်ချည့်သက်သက်
သူအလုပ်တွေပျက်နေမှာတွေးမိတော့
စိတ်ထဲ သိပ်အဆင်မပြေဘူး။ကိုယ့်ကို ဂရုတစိုက်ရှိပေးတာ၊မခွဲနိုင်တဲ့အထိ
ချစ်ပေးတာကို ကြည်နူးလှိုက်ဖြာရပေမယ့်
ကိုကို့ကို ဒီလို အကျင့်ပျက်တဲ့သူတော့
မဖြစ်စေချင်ပါဘူး။မနက်ကလည်း အလုပ်နောက်ကျမှာသေချာသည်၊
အခုလည်း နေ့လည်ရုံးပြန်တက်ချိန်က
ကျော်လွန်နေတာကြာသည့်တိုင်
ကိုကို့မှာ ရုံးကိုပြန်ဖို့ အစီအစဉ်ရှိသေးပုံမပေါ်။ကိုယ့်နောက်ကျောမှာရပ်နေသေးမှန်း
ခံစားနေမိသည်။မဖြစ်ဘူး။
သူဘာသာ ကလေးဆန်နေပါစေအုံး။
ကိုယ်ကပါ ကလေးလိုက်ဆန်လို့ မဖြစ်ဘူး။အခုတည်းက ဒီလို စိတ်အလိုလိုက်နေရင်
ကြာရင် ပိုပြီး ခက်ရော့မယ်။"ကိုကို ။"
အမည်ခေါ်၍ ချာကနဲ လှည့်ကြည့်လိုက်တော့
ထမင်းစားပွဲကို မှေးထိုင်၊လက်ကိုပိုက်၊
နှုတ်ခမ်းကိုကိုက်လျက် ကိုယ့်ကို စိုက်ကြည့်နေတာမို့
လူက အလိုလို ကျောချမ်းချင်သွားရသည်။