"ကျွတ်စ် လမ်းပိတ်ပြန်ပြီကွာ။"
ရုံးဆင်းချိန်မို့ ကားတွေ ရှုပ်ထွေးနေကာ
ယာဉ်လမ်းကြောတွေကလည်း ပိတ်ဆို့နေသည်။သူစိတ်မရှည်နိုင်တော့သဖြင့်
ဆင်းပြီးပြေးသွားရမလားဟုပင် တွေးနေမိသည်။သူအိမ်အရမ်းပြန်ရောက်ချင်နေပြီ။
သူ့အိမ်က အိမ်ထောင်ရှင်ထီး
အလောင်းအလျာလေးကို တွေ့ချင်လှပြီလေ။အလုပ်ကိုပြန်သွားပါ၊ကားကို ဂရစိုက်မောင်းပါနဲ့
ကိုယ့်ကိုပဲ ကလေးချော့သလို တတွတ်တွတ်မှာပြီး
နားချနေပုံလေးက တကယ့်လူကြီးလေးလိုပဲ။ကိုယ့်အပေါ် အနိုင်ကျင့်တတ်တဲ့ မာနခဲလေးက
စွာတေးလန်လုပ်နေအုံးမယ် ထင်ထားပေမယ့်
တကယ်က မဟုတ်ခဲ့။လူကြီးလေးလို တည်တည်ငြိမ်ငြိမ်လည်း
ပြုမူတတ်ပြန်သည်။
နေ့လည်ကလည်း ကိုယ်စိတ်မကောင်းမှန်းသိတော့
ချစ်စရာအမူအရာတွေလုပ်ပြီး စိတ်ပြေအောင်
ကြိုးစားရှာပေးသည်။ကြည့်စမ်း။
ကိုယ့်ဘဝ၊ကိုယ့်ကမ္ဘာရဲ့ နံပါတ်တစ်နေရာကို
ရယူသွားတာ။ငြိမ်ငြိမ်လေးနေလည်း ချစ်တယ်။
စကားပြောလည်း ချစ်တယ်။
စိတ်ဆိုးလည်း ချစ်တယ်။
အားပါးတရရယ်လည်း ချစ်တယ်။
ဘာမှမလုပ်ဘဲ ထိုင်နေရင်တောင်
တအားချစ်ရပါတယ်။တကယ်ပြည့်စုံတဲ့သူလေးက
ဘယ်အခြေအနေမှာ
ဘယ်လိုနေရမလဲ သိပ်သိတယ်။အိမ်ဝမှာ ပြုံးပြပြီး ကျန်နေခဲ့တဲ့ပုံလေးက
အပြင်ထွက်မယ့်သူကို
ဘယ်လောက် တွန့်ဆုတ်စေတယ် မှတ်လဲ။သူ့အနားက တစ်ဖဝါးမှ မခွာပဲ
ကပ်နေချင်တော့တာပဲ။
အခုလည်း ကြည့် ။
ပြန်သွားရင် အိမ်ဝမှာ ကြိုစောင့်နေအုံးမှာ။မသိရင် သူနဲ့ ကိုယ်က လက်ထပ်ထားသလိုပဲ။
ဒါကိုထုတ်ပြောမိပြန်ရင်လည်း
စိတ်ဆိုးမလားမသိဘူး။
ကိုယ်ကတော့ သူ့ကိုချစ်လွန်းလို့
တစ်ပတ်လောက်ခွဲရမှာကိုတောင်
လွမ်းရမှာ ပူနေရလို့ ကြိုပီး စိတ်မအေးနိုင်ဘူး။