"ကိုယ်နဲ့ အွန်အ က ဘာမှမဆိုင်ဘူး။"
ကားမောင်းနေတဲ့ ဆယ်ဟွန်းဆီကနေ စကားသံ
ထွက်လာတော့ လုဟန် ကိုယ်လေးမတ်ကနဲပဲ။"ဘယ်သူက မေးလို့လဲ။"
ပေစောင်စောင်ကြည့်ပြီး ဘုထောလိုက်ပေမယ့်
လုဟန့်မျက်နှာပေါ်က အပြုံးလေးကိုတော့
ဆယ်ဟွန်း မှန်ထဲကတစ်ဆင့် မြင်လိုက်ရပါတယ်။"သိချင်နေမလားလို့လေ
ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းကို
တစ်မျိုးမြင်နေရင် ဘယ့်နှယ့်လုပ်မတုန်း။"အင်။
လုဟန်ကပဲ တစ်မျိုးထင်ရအုံးမယ်တဲ့။"သူများအကြောင်းကို စိတ်မဝင်စားအားဘူး။"
လုဟန်ဟာ လုံးဝကို အကြောမခံသူလေးပါ။
ဆယ်ဟွန်းက သူ့ကို တရေးတယူပြောပြလာတာကို
စိတ်ထဲ သဘောကျသွားပေမယ့်
အပြင်ပန်းမှာတော့ လုံးဝဂရုမစိုက်ဟန်ပြပါသည်။လုဟန်တို့ကတော့ အကြောခံမှာမဟုတ်ပါဘူး။
ဘာလို့ဆို တစ်မျိုးအထင်ခံရမှာ ကြောက်တဲ့သူကပဲ
အောက်ကျို့ပြီး ရှင်းပြသင့်တာပေါ့။"အင်း ပြီးတာပါပဲ။နောက်မပြောတော့ဘူး။"
ဆယ်ဟွန်းက
လေသံအေးအေးလေးနဲ့ပြောလာတော့
လုဟန်မှာ မခံမရပ်နိုင်ဖြစ်သွားရပြန်ပါသည်။(ဘာမှန်းမသိပေမယ့် )သူ့ကို တစ်ခါမှ မပြောဖူးတဲ့
လေသံနဲ့ ပြောလာတာကြောင့်မလို့ လုဟန်စိတ်တော့
အနည်းငယ်ထင့်သွားပါသည်။မသိချင်ယောင်ဆောင်ဖို့ကြိုးစားပေမယ့်
အရင်ကဆို ၅ မိနစ်တစ်ခါလောက်
လုဟန်ကို မှန်ကတစ်ဆင့်
ကြည့်တတ်သည့် မျက်ဝန်းတွေက အခုတော့ဖြင့်
လုဟန်ဆီကို တစ်ကြိမ်တစ်ခါမှ ရောက်မလာတော့။
လုဟန်စိတ်ထဲ လုံးဝအဖုအထစ်ဖြစ်သွားရပြီ။ဘာလား ဒီလူကြီးက။
သူ့ကို စိတ်တစ်ဖန်ဆိုးနေတာလား။
ဒါမှမဟုတ်.....အချော့ခံချင်နေတာလား။
လုံးဝတော့ မချော့နိုင်ပါဘူး။
ဒီစကားလေးပြောတာကို စိတ်ဆိုးရလားဆိုပြီး
လုဟန်တွေးနေမိပါသည်။