"အကို..ချန်း။"
လုဟန်ရဲ့ အသံစူးကနဲ ကြားလိုက်ရချိန်မှာ
ဆယ်ဟွန်းက ဘေးကဆိုဖာနားကို
ယိုင်လဲ ကျသွားပြီ။လက်ဆက သိပ်ပြင်းတာမဟုတ်ပေမယ့်
ဖျားနေတာမလို့ ခေါင်းထဲ မူးနောက်နေတဲ့သူက
ခြေထောက်မခိုင်တော့တာဖြစ်သည်။"ခင်ဗျားကြောင့်.....ကျုပ်ညီက ဒီလိုအထိ။"
ဆိုဖာကို လက်ထောက်ပြီး
ပြန်ထဖို့ ကြိုးစားနေတဲ့
ဆယ်ဟွန်းရဲ့အင်္ကျီကော်လံစကို
ချန်းက ထပ်ပြီး ဆွဲကိုင်ယူသည်။"အကို ....မလုပ်ပါနဲ့ သူလည်း နေမကောင်းဘူး။"
ချန်းရဲ့ လက်ကောက်ဝတ်ကို လာကိုင်တားသည့်
လုဟန်က မျက်ဝန်းတွေ စိုလဲ့နေပြီ။"သူဖျားနေတာ ဘာအရေးလဲ ဟမ်။
သူ့ကြောင့် မင်းပြန်ပေးဆွဲခံရတဲ့အထိ
ဖြစ်ထားတာကို
ငါက သူ့ကို ဘာလို့ထည့်တွေးပေးရမှာလဲ။"ပြန်အော်လာတဲ့ ချန်းရဲ့ အက်ကွဲသံအဆုံးမှာ
လုဟန်က ဆယ်ဟွန်းမျက်နှာကို
ကြည့်လိုက်မိသည်။မျက်ရည်ဝိုးတဝါးကြားမှာတောင်
ဆယ်ဟွန်း နှုတ်ခမ်းထောင့်က သွေးစို့ရာကို
လုဟန် သေချာမြင်နေရတုန်းပဲ။"ချန်း....ကိုယ်ရှင်းပြပါရစေ။"
ဖြူ ဖျော့နေတဲ့ ဆယ်ဟွန်းရဲ့ နှုတ်ခမ်းလွှာဆီမှ
ထွက်ကျလာတဲ့ အသံက
တိုးတိုးလေးဖြစ်နေတာတောင်
ချန်းက ဆယ်ဟွန်းကို လုံးဝညှာတာမပေးနိုင်ဘူး။လုဟန်က ဒီလူနဲ့ပတ်သတ်လိုက်မှ
ပြန်ပေးဆွဲခံရတာကို သူမခံစားနိုင်တာဖြစ်သည်။မနေ့တည်းက ထွက်သွားတဲ့လုဟန်က
ညထိ ပြန်မရောက်လာလို့ သူ့မှာ စိတ်ပူတကောနဲ့
လိုက်ရှာခဲ့ရသည်။ဒီအချိန်မှာ သူခံစားရတဲ့ အပူသောကကို
အိုဆယ်ဟွန်း နားလည်ရဲ့လား။ဘာလို့များ လုဟန်ကို ချစ်တယ်ဆိုပြီး
ဘေးမသီရန်မခအောင် မကာကွယ်နိုင်ခဲ့တာလဲ။