" အဲ့တော့ သူက မင်းကို ဘာမှ ပြန်မလုပ်ဘူးလား။"
လုဟန် မျက်နှာလေးမဲ့ရွဲ့သွားသည်။
"ဘာလုပ်ရဲမှာလဲ။
သူ့ဗိုက်သူဖိပြီး ကျန်နေခဲ့တယ်လေ။"ဟုတ်ပါတယ်။
နောက်နေ့ ကျောင်းရောက်တဲ့အခါမှာ
လုဟန်က သူကြုံခဲ့ရတဲ့ လူအကြောင်းကို
ဗြောင်ဟျွန်းနီးဆီ ပြန်ပြောပြနေတာပါ။"နေပါအုံး လုဟန် ငါတစ်ခုပြောပါအုံးမယ်။"
ကိုယ်လေးရှေ့တိုးသည်မို့
အအေးဗူးကို ပိုက်နဲ့ တဆွဆွထိုးရင်း
လုဟန် ခေါင်းညိတ်ပြသည်။"မင်းကိုလေ သူဒီလိုတွေ စနေတာက။"
လျှာလေးသပ်၍ ဗြောင်က စကားစဖြတ်သည်
"မင်းကို သူ စိတ်ဝင်စားနေလို့များ။"
"တိတ်စမ်း!!!!!! "
စားပွဲကိုတစ်ချက်ရိုက်လိုက်တာမို့
ဗြောင့်ကိုယ်လုံးလေး တုန်သွားသလို
စားပွဲပေါ်က အအေးဗူးလေးပါ
မှောက်သွားရသည်။"အဲ့လူနဲ့ပက်သက်ပြီး ရွံစရာတွေ မပြောနဲ့။
သူက တမင် လိုက်ပြီး ယုတ်မာနေရုံပဲ။
ဟွန်း။"ကျောပိုးအိတ်လေးကောက်ယူကာ
ဒေါသတကြီး ထွက်သွားသော လုဟန်နောက်
ဗြောင်အပြေးလိုက်ရပါတော့သည်။"အဒေါ်ကြီးရေ
အအေးဖိုးနောက်နေ့မှပေါင်းယူတော့ ။"ကန်တင်းတစ်ခုနီးပါး
ဟိန်းကနဲမြည်သွားလေသည်။***************
"လုဟန် ။"
ခြံတံခါးလေးကို တွန်းဖွင့်လိုက်သည်နှင့်
အိမ်ထဲမှ အမေတို့ကလည်း
ကယောသောပါး ထွက်လာလေသည်။
လက်ထဲမှာလည်း အထုတ်တွေနဲ့။"အမေ ဘယ်သွားမလို့လဲ။"
"သားရေ
နယ်က အဘွား အရမ်းနေမကောင်းဖြစ်နေလို့
သွားကြည့်ရမယ်။ရက်နည်းနည်းကြာမယ်။"သူ့ကို အမြန်နှုတ်ဆက်ကာ
ရေကြီးသုတ်ပြာထွက်သွားသော အဖေနဲ့အမေ။