6

10.1K 1.2K 87
                                    

သာမန်​ဆို သည်းခံတတ်​တဲ့ လုဟန်​လေးက
လူအုပ်​ကြီးကို တိုက်​ထုတ်​ပြီး ပြေးထွက်​ခဲ့တာဟာ
သာမန်​ဖြစ်​ရပ်​လေးကြောင့်​ မဟုတ်​ပါဘူး။

ဆယ်​ဟွန်းက ဗြောင်​ဟာ သူ့ညီလေးဖြစ်​ကြောင်း
ကြေညာပြီးနောက်​မှာတော့ လုဟန့်​ဘေးကို
အသာလေး တိုးကပ်​လာပြီး

"ညက အိပ်​ရတာကောင်းရဲ့လား"ဆိုပြီး
နှစ်​ကိုယ်​ကြားရုံလေး မေးခဲ့ပါသေးတယ်​။

သူမေးတာက ရိုးရိုးပုံပေမယ့်​ မျက်​လုံးတွေက
ရိုးရိုးမဟုတ်​တာကို လုဟန်​သိသည်​။

လုဟန်​မှာ စိတ်​တိုတိုနဲ့ အပြတ်​ဆော်​ဖို့
လက်ကို မသိမသာ ပြင်​လိုက်​ပေမယ့်
သူတို့ဆီကို တဖျက်​ဖျက်
ရိုက်​ခတ်​နေတဲ့ ဖုန်းအလင်းရောင်​တွေကို
သတိထားမိလိုက်​တာမလို့ နှာဘူးကြီးလို့သာ
ပိတ်​အော်​ပြီး ပြေးထွက်​ခဲ့တာဖြစ်​သည်​။

ဒါဟာလည်း ဆယ်​ဟွန်းကို ကြောက်​လို့
ရှောင်​ခဲ့တာမဟုတ်​ပါဘူး။

စိတ်​တိုလွန်းလို့ ဖြစ်​ပါတယ်​။
စိတ်​မထိန်းနိုင်​ဘဲ ဆယ်​ဟွန်းကို
တစ်​ခုခုလုပ်​လိုက်​ရင်​ လုဟန့်​အတွက်
ကောင်းကွက်​တစ်​ခုမှမရှိဘူးလေ။

ကျောင်း Website မှာ ပုံတွေပြန့်​သွားပြီး
လုဟန့်​ကို လူဆိုးလို့ အကုန်​လုံးက
ထင်​ကြတော့မှာပေါ့။

လုဟန့်​ကို သူပြောတဲ့စကားကြီးက
ဘယ်​သူမှကြားလိုက်​တာမဟုတ်​သလို
ထုတ်​ပြောပြရင်​လည်း ရှက်​စရာကြီးဖြစ်​သည်​။

"နှာဘူးကောင်ကြီး လူကြားထဲမှာ  ဟွန့်​။"

စိတ်​တိုတိုနဲ့ ဘေးက မြက်​ပင်​ရှည်​ရှည်​ကို
ကန်​ထည့်​လိုက်​ပါသည်​။

"အာ့။"

ကံကောင်းချင်​တော့ မြက်​ကိုထိပြီးမှ
အရှိန်​လွန်​ပြီး ခြေထောက်​လည်​ကာ
ဖင်​ထိုင်​လျက်​လေး လဲကျသွားပါသည်​။

"အား အား နာလိုက်​တာ။"

အောင့်​သွားတဲ့ မြှီးညှောင့်​ရိုးကို ဖိပြီး
သူ့ဘာသာ ထိုင်​ရပါသေးသည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now