"ဘယ်ဟာရွေးရမလဲ။"
ဆယ်ဟွန်း အိပ်ခန်းထဲက ဗီရိုထဲရှိ အင်္ကျီတွေကို
တစ်ထည်စီ ကုတင်ပေါ် တင်ရင်း
လုဟန် အလုပ်များနေပါသည်။ဆယ်ဟွန်း မွေးနေ့ အထိမ်းအမှတ်အတွက်
နှစ်ယောက်တည်း ဒိတ်လုပ်ရမည်ကို တွေးမိတော့
လုဟန် အင်္ကျီလေးပိုက်လျက် ပြုံးရင်း
ငြိမ်ကျသွားမိပါသည်။ကိုကို မွေးဖွားခဲ့တဲ့ ဒီလို အဖိုးတန်နေ့မျိုးမှာ
တစ်နေကုန် ကိုကိုနဲ့ အတူဖြတ်သန်းရမယ့်သူက
မိသားစုမဟုတ်ပဲ သူဆိုတဲ့....လုဟန်ပါတဲ့။သူက ကိုကို့အတွက်
ဒီလောက်ထိ အရေးပါတယ်တဲ့လား။ရင်တွေ တလှပ်လှပ်ခုန်ကာ
ပီတိတွေဆိုတာလည်း ဖြာလို့ မကုန်နိုင်ပါဘူး။ဒါဟာ တစ်ခြား တစ်ယောက် (အထူးသဖြင့်)
ကိုကို့မိသားစုကို အနိုင်ရသွားလို့
ကျေနပ်နေတာမျိုးမဟုတ်ပဲ။ကိုကို ကိုယ်တိုင် အသိအမှတ်ပြုထားတဲ့
သူ့နေရာလေးအတွက် သူကျေနပ်နေရခြင်းပါ။သူကြားလိုက်ရတယ်လေ။
/ကိုယ်ချစ်သူလေ တဲ့/မိမိကို ချစ်သူဆိုပြီး တစ်ခြား အမျိုးသမီးကို
ကိုကို ကိုယ်တိုင်က မိတ်ဆက်ပေးလိုက်တာကို
လုဟန် ကြားလိုက်ပါသည်။ခန့်မှန်းရသလောက်ဆို ထိုအမျိုးသမီးကို
ကိုကို့ အမေက အရမ်းသဘောကျနေပုံပါပဲ။
သဘောတူနေတာတောင် ဖြစ်လောက်သည်။ိသူ့ရှေ့မှာ အဲ့အစ်မကို သိသိသာသာ
လိုက်လိုက်လျောလျော ဆက်ဆံပြီး
သူ့ကို တမင် အဖက်မလုပ်တည်းက
သူ့အပေါ်ထားတဲ့ ကိုကို့အမေရဲ့သဘောထားကိုလဲ
လုဟန်က
သိသိသာသာ သဘောပေါက်ပြီးသားပါပဲ။နင်နဲ့ငါ့သားကို သဘောမတူဘူးလို့
ထုတ်မပြောပေမယ့်
လုဟန်ကို ကြည့်တဲ့ မျက်လုံးတွေကတော့
သိသာလှသည်လေ။အဲ့ဒီ့အချိန်ကဆိုရင် ရင်ထဲမှာ နုံးခွေကျသွားခဲ့ပြီး
အားငယ်လိုက်တာဆိုတာ
Game ထဲမှာ စိတ်နှစ်ထားပြီး
သိမ်ငယ်စိတ်ကို မနည်းဖုံးဖိခဲ့ရသည်။