Zawgyi
"နေပါဦး Na ကိုယ်ပြောတဲ့စကားကို
သေချာနားထောင်ပါဦး""တော်ပြီ နင်ဘာမှလာမပြောနဲ့ နင်အဲ့ဒီ
Saint ဆိုတဲ့ကောင်ကိုပဲ ဂရုစိုက်နေ ဟိုက
နင့်ကို သူ့အိမ်ကခိုင်းတဲ့အလုပ်သမား
လောက်တောင်အဖက်လုပ်တာမဟုတ်ဘူး
သွားနင့်သူငယ်ချင်းကိုအထိမခံဘူးမဟုတ်
လား ငါဒီလောက်လေးတောင်းဆိုတာ
မလိုက်လျောပေးနိုင်ဘူးမလား သွားငါ့ကို
လာမပတ်သက်နဲ့ သူ့အနားပဲကပ်နေ""ကျစ်~~~ဘာလို့လိုက်ရောနေတာလဲNa
ရာ သူငယ်ချင်းကသူငယ်ချင်း ချစ်သူက
ချစ်သူပဲဟာ ပြီးတော့Saintကအနေအေး
တာပါ မင်းထင်သလိုမဟုတ်ပါဘူး သူသံ
ယောဇဉ်အရှိဆုံးသူငယ်ချင်းကကိုယ်ပဲ
မင်းထင်သလို ကိုယ့်ကို အဖက်မလုပ်တာ
မျိုးမဟုတ်ပါဘူး""ဒါဆို သက်သေပြလေ သူနင့်အပေါ်ဘယ်
လောက်ထိသံယောဇဉ်ရှိလဲဆိုတာ နင်နဲ့ငါ
လမ်းခွဲလို့နင်အသဲကွဲမယ်ဆိုနင်အသဲမကွဲ
အောင် ငါပြောသလိုလုပ်ပေးလေ အဲ့ဒါမှ
မလိုက်လျောဘူးဆိုရင် သူနင့်အပေါ်
တကယ်သံယောဇဉ်မရှိလို့ပဲ ပြီးတော့
နင်လည်းငါ့ကိုဘယ်တော့မှမဆက်သွယ်
တော့နဲ့ ""Na နေဦးလေ Na ကျစ်~~~~ဟာကွာ"
မနီးမဝေးမှာရပ်ထားတဲ့ ကားပေါ်တက်
သွားပြီဖြစ်တဲ့ Na ကို Perthတားလို့မရ
တော့။တကယ်ပဲ Na ကို Perthနားမလည်
တော့ပါ။ဒီတိုင်းသမီးရည်စားချင်း ဖြစ်တဲ့
ပြသနာတွေထဲ ဘာလို့များSaintကိုအမြဲ
ဆွဲသွင်းနေသလဲ မသိတော့။Saint
ဆိုတာက သူနဲခြံချင်းကပ်လျက် ဟိုးငယ်
ငယ်လေးတည်းက ခင်တဲ့သူငယ်ချင်း။လို
တာထက်စကားကိုပိုမပြောတတ်သလို။
မျက်ဝန်းတွေကလည်း အမြဲတမ်းအေးတိ
အေးစက် ဘာခံစားချက်မှမရှိသလိုပုံစံနဲ့
ခုခေတ်လူငယ်တွေလို ပေါင်းသင်းဆက်ဆံ
ရေးကောင်းပြီး ဖော်ရွေတတ်တာမျိုးလည်း
Saint ကမဟုတ်။အရင်းနှီးဆုံးသူငယ်ချင်း
လည်းသူတစ်ယောက်တည်းရှိတာဖြစ်ပြီး ရှိ
တဲ့သူ့ကိုပင်ဆယ့်ခါတစ်ခါအဖက်မလုပ်တဲ့
Saint။ဒါပေမဲ့ Saint ကစာတော်လွန်းတာ
တော့ ဝန်ခံရမည်။တော်ဆို Saint အမေက
Perthတို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာမ
ကြီး။စည်းကမ်းတင်းကျပ်သလို တစ်ဦး
တည်းသောသားဖြစ်တဲ့ Saint အပေါ်မှာ
လည်း ဘယ်လောက်ကြပ်မတ်သလဲဆိုတာ
အနေနီးတဲ့ Perth အသိဆုံး။ Perthတို့ အ
လယ်တန်းတုန်းကဆို အမြဲတမ်းအခန်းထဲ
မှာ အဆင့်တစ်ရတဲ့ Saint နဲ့အမှတ်တူတဲ့
သူပေါ်လာတာကြောင့် အဆင့်တစ်နှစ်
ယောက် ဖြစ်သွားတာကို Saint မေမေ
အရမ်းစိတ်ဆိုးပြီး Saintကိုရိုက်တာ သုံး
ရက်လောက် Saint ကျောင်းမတက်နိုင်။
အဲ့ဒီ နောက်ပိုင်းကနေ အခုချိန်ထိ အတန်း
ထဲမှာ အဆင့်တစ်ကို Saint တစ်ယောက်
တည်းကသာ ဗိုလ်ဆွဲထားတော့သည်။
![](https://img.wattpad.com/cover/185236020-288-k916342.jpg)
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...