Zawgyi
"သား ပြန်လာတာနောက်ကျတယ်နော်"
"ဟုတ် မား ဧည့်သည်ပါတယ်"
"Saint ဆင်းလေ ကိုယ့်အိမ်ရောက်ပြီ"
ကားတံခါး ဆွဲဖွင့်ရင်း P'Joပြောမှ Saint
အသိဝင်လာသည်။
"ကျွန်တော့်ကို ဘာလို့ခေါ်လာတာလဲ P"
"လာပါ အရင်ဆင်းလိုက် ကိုယ်Saintကို
ဟိုကောင်နဲ့ မထားခဲ့နိုင်လို့"
"သြော် သားSaint လေးလား
ဧည့်သည်မှမဟုတ်ပဲသားရယ် လာဝင်ခဲ့"
P'Jo မေမေကပါ ခေါ်နေပြီမို့ Saint မနေသာ
တော့
"ဆဝါဒီခ အန်တီ နေကောင်းရဲ့လား"
"အစကတော့ သိပ်မကောင်းဘူးကွယ်
သားSaint လေးမျက်နှာ မြင်လိုက်ရတော့
ကောင်းသွားပြီ ဒါနဲ့သားလေးမျက်နှာ
နွမ်းနေပါ့လား "
Saint ပါးလေးနှစ်ဖက်ကို အသာညှစ်ရင်း
တယုတယ ပြောနေတဲ့ အန်တီကြောင့်
Saint ခပ်ယဲ့ယဲ့ ပြုံးပြမိသည်။
"လာသားလေး အထဲဝင် သားအကိုက
ကြိုမပြောထားတော့ အန်တီ့မှာသားလေး
ကြိုက်တာတွေ ကြိုမချက်ထားရဘူး "
"အာ ရပါတယ် အန်တီ သားအတွက်တကူး
တက မလုပ်ပါနဲ့ "
"ဘယ်ဟုတ်ပါ့မလဲကွယ် လာလာအထဲဝင်ထိုင်"
"မား Saintဒီည ဒီမှာပဲအိပ်မှာ လောလော
ဆယ် ပင်ပန်းလာလို့ အရင်နားပါစေဦး"
"သြော် အေးအေး ဒါဆိုတက်နားလေနော်"
"Saint ကိုယ့်အခန်းမှာပဲ ဒီညဝင်အိပ်လိုက်
နော် ကိုယ်တခြားအခန်းမှာအိပ်လို့ရအောင်
သွားပြင်လိုက်မယ် လာ အခုနားလို့ရအောင်
ကိုယ့်အခန်းလိုက်ပြပေးမယ်"
ပြောပြီး အပေါ်ထပ်တက်သွားတဲ့ P'Jo နောက်
Saint ယောင်နနနဲ့ လိုက်သွားရသည်။
"လာSaint ဒါကိုယ့်အခန်း အထဲမှာ
ရေချိုးခန်းရော အိမ်သာပါ ရှိတယ်"
"P'ကရော"
"ကိုယ် တခြားအခန်းမှာပဲ နေမို့လေ Saint
ကို မနေခိုင်းတာက နေစမရှိတဲ့အခန်းဆိုတော့
နဲနဲရှင်းစရာတွေရှိသေးတယ် အဲ့ဒါကြောင့်"
CITEȘTI
ချိုမြိန်သော.........အရှုံး
Fantezieမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...
