Zawgyi
"Saint တူတူပြန်မယ်"
အခန်းဝကရပ်စောင့်နေတဲ့ Perthဆီက အသံ
Jasကတော့ Perthကိုမြင်တာနဲ့ မျက်နှာ
တည်သွားရင်း ဘာမှမပြောပဲ တစ်ယောက်
တည်း ဆက်လျှောက်သွားသည်။
"NaNaကရော"
Saintမေးတော့Perthမျက်မှောင်တွေတွန့်
သွားရင်း
"ဘာလဲကွာ မင်းကောင်လေးက မင်းနဲ့အတူ
ပြန်ချင်လို့ရပ်စောင့်နေတာလေ တခြားကိစ္စ
္စတွေ မေးရမယ့်အချိန်လား"
"မင်းအဆင်ပြေရင် ပြီးတာပဲလေ ငါကကိစ္စ
မရှိပါဘူး"
"ကျိန်းသေအဆင်ပြေတာပေါ့ "
ပြောလည်းပြောPerthက ဘေးချင်းယှဉ်
လျှောက်ရင်း Saint ခါးကိုလက်တစ်ဖက်နဲ့
ဆွဲဖက်သည်။Saint မျက်ခုံးတွေ အသာပင့်
ရင်းကြည့်တော့ သူဘာမှမလုပ်ထားသလိုလို
Saint ဘာမှပြောမနေတော့ပဲ ဆက်လျှောက်
လာလိုက်သည်။
"Saint ငါတို့Date ရအောင်"
"ဘာအရူးထပြန်ပြီလဲ"
"ညဈေးသွားမယ်လေကွာ နော် လုပ်ပါ "
လက်ကိုအတင်းဆွဲရင်း ကလေးလိုပူဆာ
နေတဲ့Perthကိုကြည့်ရင်း Saint ခေါင်းသာ
အသာယမ်းမိတော့သည်။
"ငါ့လက်ကို ကိုင်လေကွာ"
"ဟမ်"
ယောင်တောင်တောင်နဲ့Saintလက်ကို
Perthက အသာလှမ်းဆွဲလိုက်ရင်း
ဆုပ်ကိုင်သည်။
နှင်းနုနုကျနေတဲ့ဆောင်းညအောက်က
လူအုပ်ကြားထဲ ကောင်လေးနှစ်ယောက်ဟာ
လက်ချင်းတွဲလို့။
"အေးတယ် ကော်ဖီပူပူလေးသောက်ချင်လား"
Saint အသာခေါင်းဆတ်ပြတော့ Perthက
ခဏစောင့်ဟုဆိုပြီး အပြေးအလွှားသွားဝယ်၏
အတင်းလုပ်တည်ထားတဲ့Saintမျက်နှာဟာ
Perthထွက်သွားတာနဲ့ ပြုံးမြမြလေးဖြစ်
သွားသည်။ချစ်ပါတယ်ဆို ဘယ်သူက
ဂရုစိုက်မခံချင်ပဲ နေပါ့မလဲ။
"ဒီမှာ သောက်ကြည့်ဦး မင်းအကြိုက်နဲ့
အဆင်ပြေလားလို့"
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...
