Zawgyi
"မင်းဘာသာ သွားလေ"
"ဘာလဲ တစ်လမ်းထဲသွားမယ့်ဟာကို အတင်း
နှင်ထုတ်နေရအောင် ချိန်းထားတာရှိလို့လား""မဟုတ်ဘူး မင်းရှိနေတာ အာရုံနောက်လို့"
"ဘာ~~~~"
"မဟုတ်လည်း ငါနဲ့ခပ်ခွာခွာနေပေး"
ပြောပြီးခပ်သုတ်သုတ်ထွက်လာပြီးမှ မတင်မကျ
ဖြစ်လို့ လှည့်ကြည့်မိတော့ နှာသီးဖျားတွေနီရဲနေ
တဲ့Perth။တစ်မနက်လုံးလည်းဟပ်ချိုးနေတာ
ထင်တဲ့အတိုင်းရာသီအကူးမှာ စွမ်းအားရှင်ကြီး
အမောင်Perth ဖျားချင်နေပြီ။အကျင့်ပါနေတဲ့လက်က အိတ်ထဲစမ်းလိုက်တော့
ဆောင်ထားနေကျဆေးဘူးကပါလာပြန်သည်။
ဒီဆေးဆောင်တတ်တာလည်းအကျင့်ပါနေင်္ပြ
ဘာတွေအရူးထနေမိမှန်းမသိ။"ရော့ မင်းယူထားလိုက်"
"ဟမ် ဒါမင်းဟာလေ"
"ဟုတ်တယ် ငါ့အတွက်မလိုတော့ဘူး မင်းပဲ
ယူလိုက်တော့""ဒါပေမဲ့ ငါ"
Perthပြောလာတာ လှည့်နားထောင်မနေ
တော့။ခပ်သွက်သွက်လျှောက်တော့ ခပ်ခွာခွာ
က လိုက်လာပြန်သည်။မသိချင်ယောင်ဆောင်ပြီး လျှောက်လာတာ
အခန်းရှေ့ရောက်တဲ့အထိ။အခန်းရှေ့မှာရပ်
စောင့်နေပုံရတဲ့P'Joကို မိန်းကလေးတချို့ သိသိ
သာသာရောမသိမသာပါ လှမ်းချောင်းနေတာ
ကို တွေ့ရ၏။"Saint"
"P'Jo ဘာကိစ္စ"
"ကိုယ် Saintကိုဒါလေးပေးချင်လို့"
လက်ထဲရောက်လာတဲ့ လေးထောင့်ဘူးအကြည်
လေး။ကြောင်အအနဲ့P'Joကိုမော့ကြည့်တော့
အပြုံးနုနုနဲ့ဆံပင်အုပ်အုပ်အားဆွဲဖွခြင်းခံလိုက်
ရသည်။"sandwich လေ ကိုယ့်မေမေကိုယ်တိုင်လုပ်
ထားတာ အရမ်းအရသာရှိတယ်စားကြည့်
ဒီထဲမှာစေတနာနဲ့မေတ္တာတွေပါတယ် ဆိုင်မှာ
အလွယ်ဝယ်စားလို့ရတာနဲ့မတူဘူး"

أنت تقرأ
ချိုမြိန်သော.........အရှုံး
خيال (فانتازيا)မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...