{Zawgyiဆုံးသွားရင် Unicode နဲ့တင်ပေး
ထားတယ်နော်}
Zawgyi
"Saint မင်းအခု ဘယ်မှာလဲ"
"ဘာလုပ်မလို့လဲ"
"ဘယ်မှာလဲ အရင်ဖြေ"
"ငါတစ်ယောက်တည်း နေမလို့"
"မင်း ငါ့ကိုသူငယ်ချင်းလို့ရောသတ်မှတ်သေး
ရဲ့လား"
Saintဖက်က ခနငြိမ်သက်သွားသည်။
"ကျောင်းက ဘောလုံးကွင်းထဲမှာ"
"စောင့်နေ ငါအခုထွက်လာပြီ"
"အွန်း"
Perth Ph ချပြီးတာနဲ့ စက်ဘီးလေးဆွဲနင်းပြီး
ထွက်လာခဲ့လိုက်သည်။ဘယ်လောက်ပြောပြော
လုပ်ချင်ရာလုပ်တဲ့Ai Saint
__
__
__
__
__
__
__
__
__
"Saint"
Saintကိုခေါ်ရင်းဘေးနားဝင်ထိုင်လိုက်တော့
လှည့်ကြည့်ရင်း ခပ်နွမ်းနွမ်းပြုံးပြလာသည်
"မျက်နှာလည်းမကောင်းပါလား ဘာလဲ
ဒီက ချစ်ကိုကြီးကို လွမ်းလို့လား"
"အဓိပ္ပါယ်မရှိတာ"
သူ့ဟာသူရေရွတ်သလိုပြောနေတဲ့ Saintကို
သူခပ်ပြုံးပြုံးကြည့်ရင်း ပုခုံးကို ဆွဲဖက်လိုက်တယ်
"ဘာလို့ ဒီမှာတစ်ယောက်တည်းလာထိုင်နေ
တာလဲ အန်တီပြောတော့ သူငယ်ချင်းတွေနဲ့
စာသွားကျက်တယ်ဆို"
Saintနှုတ်ခမ်းထက်မှာ အပြုံးတစ်ခုထပ်ပေါ်
လာတယ်။
"ဒီိတိုင်း ပျင်းလို့"
Perth သက်ပြင်းဖွဖွချလိုက်ရင်း
"အဆောင်မှာ နေမလို့ဆို"
Saintက ခေါင်းပဲအသာညိတ်ပြတယ်
"မင်းကို မားပြောမယ်ဆိုတာ ငါသိသားပဲ ဒီတခါ
တော့ ငါ့ကို လွှတ်ထားပေးစမ်းပါ"
"မင်း သေချာပြီလား"
"ဒါ နောက်စရာလား"
"Ok ငါမကန့်ကွက်တော့ဘူး ဒါပေမဲ့"
Saint က ဘာလဲဆိုတဲ့သဘောနဲ့ ခေါင်းအသာ
ဆတ်ပြတယ်
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...
