Zawgyi
့သူ့လက်ကိုအသာပတ်တီးစီးပေးနေတဲ့Saint
မျက်နှာကို Perthသေချာစူးစိုက်ကြည့်နေတာ
ကြာပြီ။သို့သော်Saintကတစ်ချက်တောင်မော့
မကြည့်။သူ နံရံကိုလက်သီးနဲ့ထိုးနေတာ အချက်
ပေါင်းများစွာ တော်တော်ကြာမှမတတ်သာတဲ့
ပုံစံနဲ့အတင်းဆွဲခေါ်ပြီးဆေးထည့်ပေးသည်။
စကားတော့ တစ်ခွန်းမပြော။အခုလည်း လုပ်
စရာရှိတာလုပ်ပြီး ထထွက်ဖို့ပြင်သည်။Perth
မနေသာတော့။အားနေတဲ့လက်တစ်ဖက်နဲ့
Saintကိုအတင်းဆွဲတော့ တစ်ဖက်လက်ကို
ထိမှာစိုးလို့ထင် တအားမရုန်း။သက်ပြင်းသာ
ဖွဖွချသည်။"ငါတောင်းပန်ပါတယ်ကွာ အခုတလော
မင်းနဲပါတ်သက်ရင်ငါဘာဖြစ်မှန်းမသိဘူး
တအားကို ထိလွယ်ရှလွယ် ဖြစ်လွန်းနေတာ"ဘာမှမတုန့်ပြန်ပဲ တောင့်တောင့်ကြီးငြိမ်နေတဲ့
SaintကိုPerthဆွဲဖက်တော့ ရင်ခွင်ထဲပါလာ
တာပင် မျက်ဝန်းတွေကတော့မှိုင်းပျလျက်"အဲ့လိုမနေပါနဲ့Saint ရာ ငါမနေတတ်ဘူး
ငါအပြစ်ရှိမှန်း ကိုယ့်ကိုကိုယ် သိပါတယ် ဒါပေမဲ့
ငါမင်းကိုမစွန့်လွှတ်နိုင်ဘူး Naကိုလည်း အားနာ
တယ် မင်းစိတ်ချပါ ငါသိပ်မကြာခင် ပြတ်ပြတ်
သားသားဖြစ်အောင်လုပ်မှာ အခု ခဏပဲသည်းခံ
ပေးပါကွာ နော်"သူ့စကားအဆုံး Saintက သူ့ရင်ခွင်ထဲက အသာ
ရုန်းထွက်တာမို့ သူဖြေလျော့ပေးလိုက်သည်။"ငါ အိမ်ခဏပြန်မလို့Perth "
"ဘာလို့ပြန်မှာလဲ ငါကြောင့်ဆိုမပြန်ပါနဲ့ ငါ
တောင်းပန်နေပြီပဲဟာ""မဟုတ်ပါဘူး Mrr နဲ့ Uncle Sun
{Saintပထွေး}က အလုပ်ကိစ္စခရီးထွက်မလို့
ငါလည်းအိမ်ပြန်ချင်နေတာ ဘယ်သူနဲ့မှမတွေ့
ချင်လို့ ဘယ်သူမှမရှိတဲ့အချိန်ပြန်မလို့""ငါ့ကို ဘာမှလည်းကြိုမပြောဘူး"
"အင်းဟုတ်တယ် ငါရုတ်တရက်ပြန်ချင်လာလို့"
"ငါတော့လွမ်းနေရတော့မှာ"
"မနက် ဖြန်ပိတ်ရက်ဆိုတော့ စောစောထသွား
မလို့"

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...