"Saint"
"P'Jo"
Perthနဲ့ လိုအပ်တာတွေလာဝယ်ပြီး
အထွက်မှာ သန့်စင်ခန်းခနဝင်သွားတဲ့
Perthကြောင့် အထုပ်တွေကိုင်ပြီး
ရပ်စောင့်နေတုန်း အနားကိုလျှောက်
လာတဲ့ P'Jo
"မတွေ့တာ ကြာပြီ နေကောင်းလား
ချာတိတ်"
Saintခပ်ဖွဖွ ပြုံးလိုက်ရင်း
"ဟုတ်ကဲ့ P "
P'Joက Saintကိုကြည့်ရင်းခေါင်းအသာ
ညိတ်လိုက်ကာ
"ကိုယ် ချာတိတ်အကြောင်းတွေ
ကြားပါတယ် ပြီးတော့ကိုယ်မင်းကိုယုံတယ်
မင်းရဲ့ ရွေးချယ်မှုကို ကိုယ်တကယ်
လေးစားတယ်"
"ကျေးဇူးပါ P"
P'ကSaintပုခုံးကိုအသာပုတ်လိုက်ပြီး
"ကိုယ်သွားတော့မယ် တစ်နေ့နေ့တစ်ချိန်
ချိန် ကိုယ့်အကူအညီလိုရင် လာခဲ့ပါ
ကိုယ်က Saintအတွက်အမြဲတံခါး
ဖွင့်ထားပေးပါတယ်"
"ဟုတ်ကဲ့ P"
ထွက်သွားတဲ့P'ကျောပြင်ကိုကြည့်ရင်း
Saint ခပ်ဖွဖွပြုံးမိသည်။P'ကသူ့အပေါ်
တကယ်ကို ကောင်းပေးခဲ့သည်မဟုတ်ပါလား
"သဘောကျလို့ ပြီးပြီလား"
နံဘေးက ခပ်ဆောင့်ဆောင့်အသံကြောင့်
လှည့်ကြည့်လိုက်တော့ မျက်မှောင်ကြုတ်
ကြည့်နေတဲ့ Perth
"မင်းပြီးရင် သွားမယ်"
ပြောပြီးဘောက်ဆတ်ဘောက်ဆတ်နဲ့
အရှေ့ကထွက်သွားသူက မိန်းကလေးတွေလိုနှုတ်ခမ်းဆူစိတ်မကောက်ရုံတမယ်
ကားထဲရောက်တဲ့ထိလေထုက အေးသလို
ပူသလိုနဲ့မတင်မကျ။
ခါးပါတ်ကိုဆွဲယူပါတ်ပြီးသည်ထိစောင့်ပြီးမှ
ကားကိုမောင်းထွက်ပေမဲ့ ဘာမှတော့
ထပ်မပြောလာ။
"ဘာဖြစ်နေတာလဲ"
မေးလိုက်ပေမဲ့တုန့်ပြန်မလာသူကြောင့်
သက်ပြင်းသာဖွဖွချမိသည်။
"အဲ့လိုမလုပ်နဲ့လေ ငါလဲအမှားမှမလုပ်
တာ ပြီးတော့P'Joနဲ့ငါသာမရိုးသားခဲ့
ရင် ခုချိန်ငါ့ဘေးမှာမင်းကားမောင်းနေနိုင်
ပါ့မလား ဟမ်"
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...
