Zawgyi
"ကိုယ်"
Perthကားပေါ်က ဆင်းလိုက်တာနဲ့ ရင်ခွင်ထဲ
အလန့်တကြားပြေးဝင်လာတဲ့Na"ဘာဖြစ်လို့လဲ"
""ကိုယ် Na လေ Na~~~~~"
"အင်း ပြော ကိုယ်နားထောင်နေတယ်"
Perthပြောလည်းပြောတုန်ယင်နေတဲ့ သူမ
ကိုယ်လေးကို ထွေးပွေ့ရင်း ကျောပြင်လေးကို
ဖွဖွပုတ်ပေးမိသည်။"Na စာကြည့်နေရင်းခနအိပ်ပျော်သွားတာ
အိပ်မက်ဆိုးတွေ မက်တယ်ကိုယ်""အင်း ဘာတွေမက်လို့လဲ ကိုယ့်ကိုပြောပြ"
"ကိုယ်ကလေ~~~~ကိုယ်က Naကိုထားခဲ့တာ
Na ရူးမတက်ခံစားရတယ်ကိုယ်သာတကယ်
ထားခဲ့ရင် Na သေလိမ့်မယ် ကိုယ်Naနဲ့ဘယ်
တော့မှလမ်းမခွဲဘူးမလား မထားခဲ့ဘူးမလား
ပြောပါကိုယ် Na ကိုယ့်ကိုယုံကြည်ပေမဲ့ သေချာ
ချင်သေးတယ်"Perth တစ်ယောက်ဘာပြန်ပြောရမှန်းမသိ
တကယ့်ကို ခက်ခဲနေသလို နှုတ်ဖျားထက်က
ဘာသံမှ ထွက်မလာ။"ပြောလေကိုယ် Na ကိုကတိပေးပါ"
"Na ရယ်အိပ်မက်တစ်ခုပဲဟာ ဘာတွေစိတ်ထဲ
ထားနေတာလဲ အခုအရင်နားလိုက်ဦး
အန်တီနဲ့အန်ကယ်ရော""မရှိဘူး အိမ်မှာNaတစ်ယောက်တည်း စကား
လမ်းကြောင်းမလွှဲပါနဲ့ ကိုယ် Naကို ကတိပေးပါ
ပြောတော့ချစ်တယ်ဆို ဒီလောက်လေးကို
ဘာလို့ ခက်ခဲနေတာလဲ""Na ရာ"
Perthသက်ပြင်းရှည်ကြီးချရင်း မျက်နှာလွှဲတော့
Naက သူ့ကိုမယုံနိုင်သလိုကြည့်လာရင်း"ကိုယ် Naကို တကယ်မချစ်ခဲ့ဘူးလား"
"မဟုတ်ဘူး မဟုတ်ပါဘူး ကိုယ်Naကို
ချစ်ပါတယ်""ဒါဆို ဘာလို့လဲ"
"Naကိုယ်ပြောတာကိုအရင်နားထောင်ပါဦး"
သူNaပုခုံးလေးကိုအသာဖွဖွကိုင်ရင်းပြောလိုက်
တော့ Naကသူ့မျက်နှာကိုမော့ကြည့်ရင်း
ပြောဆိုတဲ့သဘော အသာခေါင်းဆတ်ပြသည်။

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...