Zawgyi
နှစ်ယောက်ကြားကတိတ်ဆိတ်နေမှုကို Saint
Phသံက တိုးဖျက်လိုက်သည်။"hello P'Jo"
"ကျွန်တော်ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့"
"ဟုတ်ကဲ့ P"
Phချလိုက်ပြီးမှ Saintကသူ့ကိုတစ်ချက်
လှမ်းကြည့်လာပြီး"ငါသွားတော့မယ် "
ပြောပြီးလှည့်ထွက်ဖို့ပြင်တဲ့Saintလက်ကို
Perth ကမန်းကတန်းလှမ်းဆွဲလိုက်ရသည်"ဘယ်သွားမှာလဲ ငါနဲ့ပြန်လိုက်ခဲ့"
"အောက်မှာP'Joစောင့်နေတယ် ဒီနေ့ငါ
အတန်းမတက်တော့ဘူး ပြန်တော့မှာ""Saint ခုနကငါပြောခဲ့တာကိုမကြားတာ
လား နားမလည်တာလား ငါမင်းကိုလိုအပ်
တယ်""တော်တော့Perth မင်းဆီကဒီလောက်စကား
လေးနဲ့ငါအရူးမထနိုင်ဘူး ငါမင်းကိုအကြိမ်
ကြိမ် ယုံကြည်ဖို့ရောနားလည်ပေးဖို့ပါကြိုးစား
ခဲ့ဖူးတယ် ဒါပေမဲ့ငါဘာပြန်ရခဲ့လဲ ငါ့ဘက်က
ပေးတဲ့အရာတိုင်းကို မင်းလက်နဲ့ပဲဖျက်ဆီးခဲ့
တာ ငါမင်းကိုအပြစ်မတင်ပါဘူးငါမင်းကို
ချစ်ခဲ့တာပဲ ဒီလောက်တော့ခံရမှာပေါ့
ငါအခုလည်းတော်တော်နေသားကျနေပါပြီ
ထပ်မနာကျင်ပါရစေနဲ့တော့ ဒီတစ်ခါငါ့ဘက်
ကလက်ကျန်ယုံကြည်မှုနဲ့ ကမ်းမဲ့လက်ကိုသာ
မင်းရိုက်ထုတ်လိုက်ရင် ငါဆက်ပြီးရပ်တည်
နိုင်တော့မယ်မထင်ဘူး"ပြောပြီးတာနဲ့ရုန်းထွက်ဖို့ပြင်တဲ့Saintလက်
ကို Perthလွှတ်မပေး"ငါတောင်းပန်ပါတယ် Saint ဒီတစ်ခါ
ငါတကယ်အတည်ပါ မင်းကိုထပ်မနာကျင်
စေရဘူး""ငါလည်းတောင်းပန်ပါတယ်Perth ငါထပ်
ပြီး မင်းကိုမယုံရဲတော့ဘူး"မျက်လုံးသေတွေနဲ့SaintစကားအဆုံးPerth
ထပ်ပြီး ဆွဲမထားနိုင်တော့။ဖြည်းဖြည်းချင်း
ဝေးကွာသွားတဲ့ ကျောပြင်လေးကို ငေးရင်း
ခပ်တိုးတိုးရေရွတ်မိတယ်

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...