Part 20

1.3K 182 60
                                    

Zawgyi

ကားမောင်းနေပေမဲ့ ဘေးနားမှာထိုင်​နေတဲ့
SaintကိုPerth ဘာမှလှည့်​မပြောလာသေး
Saintစိတ်​ထဲတော့ လေပြည်​နုနုတိုက်​ခတ်
နေသလို။အနည်းဆုံးတော့သူ့ကိုPerthက
ပစ်​မထားသေး ။သို့သော်​ မေးသင့်​တာတော့
မေးရမည်​။

"NaNa ရော ပြန်​သွားပြီလား"

"မင်း အဲ့လူကို phဆက်​ခေါ်လိုက်​တာလား"

အမေးကိုအမေးနဲ့တုန့်​ပြန်​လာတဲ့Perthကို
Saintမျက်​မှောင်​ကြုံ့ကြည့်​လိုက်​သည်​။

"မင်းစဉ်းစားလေဒီလောက်​အချိန်​လေးနဲ့သူက
လေပေါ်ပျံပြီးရောက်​လာမတဲ့လား ဒီတိုင်း
တိုက်​ဆိုင်​ပြီးတွေ့တဲ့ဟာ"

"ပြောတာပဲ ငါသာရောက်​မလာကြည့်​ အဲ့လူ
ကားပေါ်မင်းပါသွားမှာ ငါမသိတာမှတ်​လို့"

Saintကိုမကြည့်​ပဲကားမောင်းနေပေမဲ့
ပြောဆိုနေတဲ့မျက်​နှာက မဲ့လိုက်​ရွဲ့လိုက်

"အဲ့တော့ဘာဖြစ်​လဲ အေးဆေးပြန်​ရုံပဲဟာ
ဒီတိုင်းကားပေါ်ထိုင်​လိုက်​ရတာချင်းအတူတူ
ဘာမှထူးခြားမသွားဘူး"

"ကြည့်​ တစ်​ခွန်းမကျန်​အထိမခံပြန်​ပြောနေတာ
ငါ့ကားပေါ်က မင်းကိုကန်​မချဘူးထင်​နေလား
စေတနာနဲ့မတန်​တဲ့ကောင်​"

Perthကဒီတိုင်း ပြောလိုက်​မှန်းသိပေမဲ့ အထိမခံ
တဲ့ ဝဲဘက်​ရင်​အုံက စစ်​ကနဲ။

"မတန်​ရင်​ထားမနေနဲ့ အဲ့စေတနာ မင်းဆီက
ဘယ်​သူအတင်းတောင်းနေလို့လဲ ငါ့အတွက်
အပူမရှာလည်း ရတယ်​"

"မတောင်းလည်းထားရမှာပဲလေ မင်းကိုပစ်ထား
လို့ ဖြစ်​မလား မင်းသာ ငါ့သူငယ်​ချင်းမဟုတ်​ရင်
အဲ့လောက်​ အလောင်​ခံမနေဘူး မင်းကိုအန်​တီ
က အပ်​ထားတာ တစ်​ခုခုဆိုငါ့တာဝန်ပဲ"

လာပြန်​ပြီ ဒီသူငယ်​ချင်း။ကြည်​နူးနေမှုတွေလည်း
လုံးလုံးပျောက်​။တာဝန်​တဲ့လား ဒီတိုင်းမလွှဲသာ
တဲ့အခြေအနေတစ်​ခုကြောင့်​ စိတ်​ကျဉ်းကြပ်​နေ
ပုံပေါ်တဲ့Perthအတွက်​ သူကဝန်​ထုပ်​တစ်​ခု
ထက်​ မပိုပြန်​ဘူး။ပြန်​ချေပလိုစိတ်​မရှိတော့
တာမို့ မျက်​လွှာအသာချရင်း တိတ်ဆိတ်​နေ
မိတယ်​။ထိုချိန်​ ထမြည်လာတဲ့Ph သံ။သူ့ph
မဟုတ်​တာတော့ အသေအချာ။

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now